စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၄ ခုနှစ်၊ မေလထုတ်  သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၄ ခုနှစ်၊ မေလ၊ အတွဲ(၅၁)၊ အမှတ်(၅)ကို  ထုတ်ဝေ လိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းတွင်ပါဝင်သော စာမူများကို လည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။ 


 လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “ကိုဗစ်- ၁၉ ဗီဇပြောင်းမျိုးကွဲများအကြောင်း သိကောင်းစရာ” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် ကိုဗစ်- ၁၉ ဗိုင်းရပ်စ်ဗီဇမျိုးကွဲများ၊ ဗီဇပြောင်း ကိုဗစ်- ၁၉ ရောဂါပိုးများ၊ လူငယ်ရေးရာကဏ္ဍတွင် အားနည်းချက်က အားသာချက်လည်း ပြန်ဖြစ်သွားနိုင်တယ်၊ အမေ အဖေ ဆိုသည်မှာ၊ ဇွဲအားမာန်၊ သတိ မထိခိုက်မိပါစေနဲ့၊ ဆယ်ကျော်သက်များအတွက် ကျန်းမာရေး အကြံပြု ချက်၊ ပညာအရည်အသွေးမြှင့်တင်ဖို့ ကျောင်းအပ်နှံပေးကြစို့၊ ဆိုရှယ်မီဒီယာ လူမှုကွန်ရက်အကြောင်း တစေ့တစောင်း၊ ဆယ်ကျော်သက်များ ဆေးလိပ်၊ အီးစီးကရက်မသောက်ရေး၊ ကဗျာကဏ္ဍတွင် မိုးဆွေ ငှက်ငယ်သို့၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ကမ္ဘာ့အခမ်းအနားဆုံးသော မော်တော်ကားပြပွဲကြီး အပိုင်း(၂)၊ မရဏ၏ နိဂုံးလော၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာကဏ္ဍတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင်  အေအိုင်နည်းစနစ်နှင့် အစားအသောက်ထုတ်လုပ်မှု လုပ်ငန်းများ၊ သဘာဝ ပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် မီးခိုးများ၊ ရေသည် အသက်၊ မသန်စွမ်းသူများဆိုင်ရာကဏ္ဍ တွင် မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်း လက်လှမ်းမီစေရေး၊ ကလေးအလုပ်သမားဆိုင်ရာ ကဏ္ဍတွင် မိသားစုဘဝလှပရေး ကလေးအလုပ်သမားအဖြစ်မှ ဖယ်ရှားပေး၊ အကြမ်းဖက်မှုဆိုင်ရာ ကဏ္ဍတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ဖို့ စုပေါင်းဆောင်ရွက်ကြစို့၊  စီးပွားရေးဆိုင်ရာ ကဏ္ဍတွင် ဂလိုဘယ်ဝန်းကျင်တွင် စီမံခန့်ခွဲခြင်း၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၆၉)၊ မျက်စိဘဏ်အကြောင်း သိရှိစေချင်၊ ဂျိုးရဲ့လက် ကျွန်တော်၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် တောင်ပေါ်အပြေးသမား၊ အထွေထွေကဏ္ဍတွင် မြန်မာနိုင်ငံအတွက် လိုအပ်နေသော ခေတ်မီစိုက်ပျိုးရေး ကဏ္ဍ၊ နာမည်မတက်ရင်နေ နာမည်တော့မပျက်စေနဲ့၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။

သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင်  ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ် ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက် သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ