ရွှေသွေးဂျာနယ် အထူးထုတ် (၂၀၂၄) ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပါသည်။
ရွှေသွေးဂျာနယ် အထူးထုတ် (၂၀၂၄) ကို ကာတွန်းဇာတ်လမ်းများအပါအဝင် ကဗျာ၊ ပုံပြင်၊ ၀တ္ထုတို၊ ဉာဏ်စမ်း၊ သုတဆောင်းပါးကဏ္ဍနှင့် ရွှေသွေးတို့လက်ရာ ကလေးပန်းချီကဏ္ဍတို့ဖြင့် သုတရသ စုံလင်စွာ တင်ဆက်ထားပါသည်။
ကာတွန်းကဏ္ဍတွင် ကာတွန်းဆရာကြီးများဖြစ်ကြသော ကာတွန်းဦးဘကြည်၊ ကာတွန်း အောင်ရှိန်၊ ကာတွန်းသန်းကြွယ်၊ ကာတွန်းဦးစိန်၊ ကာတွန်းမြေဇာ၊ ကာတွန်းရွှေမင်းသား၊ ကာတွန်း မောင်မောင်လေး၊ ကာတွန်းသစ်ထွဏ်း၊ ကာတွန်းဝင်းသဉ္ဇာမျိုး၊ ကာတွန်းအီကွေတာ၊ ကာတွန်း ဝင်းမြင့်အောင်၊ ကာတွန်းသိက္ခာ၊ ကာတွန်းသူရ၊ ကာတွန်းဝင်းဖေ (အဖျောက်)၊ ကာတွန်းပြုံးချို၊ ကာတွန်းပေါ်လွင်ကျော်၊ ကာတွန်းကြယ်ကြယ်၊ ကာတွန်းစောဟန်၊ ကာတွန်းမောင်ရွှေဝင်း၊ ကာတွန်း အောက်တိုဘာအောင်ကြီး၊ ကာတွန်းစိုပြေ၊ ကာတွန်းကိုကောင်း၊ ကာတွန်းသာဦး၊ ကာတွန်းကေဇော်၊ ကာတွန်းကိုသင်း၊ ကာတွန်းလွမ်းမောင်(သုဝဏ္ဏ)၊ ကာတွန်းကျော်ထွဏ်း၊ ကာတွန်းအက်စ်လယ်မှူး၊ ကာတွန်းဒစ်ဂျစ်တယ်၊ ကာတွန်း MGU မောင်ဦး၊ ကာတွန်းထွန်းထွန်းဝင်း၊ ကာတွန်းကိုကျော် (ကြံခင်း)၊ ကာတွန်းဆန်းလင်း၊ ကာတွန်းဇက်တီ၊ ကာတွန်းမောင်ဗချီ၊ ကာတွန်းသီဟ(စခန်းသစ်)၊ ကာတွန်းစိုးစံ၊ ကာတွန်းကိုသက်ကြည်၊ ကာတွန်းအောင်အောင်ထွေး၊ ကာတွန်းမောင်တင်ယု၊ ကာတွန်းစမ်းချောင်းကိုကိုအောင်၊ ကာတွန်းရွှေရိုး၊ ကာတွန်းဆူးထက်အောင်နှင့် ကာတွန်း မင်းကောင်းကိုတို့၏ လက်ရာစုံများကို ဖတ်ရှုခံစားနိုင်မည် ဖြစ်ပါသည်။
ကဗျာနှစ်သက်သော ကလေးများအတွက် အကြောင်းအရာမျိုးစုံကို သီကုံးဖွဲ့ဆိုထားသည့် ကဗျာ (၉) ပုဒ်၊ ကလေးများအတွက် သုတ၊ ရသများကို ပေးစွမ်းသည့် ပုံပြင် (၆) ပုဒ်၊ ကလေး၀တ္ထု (၅) ပုဒ်၊ သုတဆောင်းပါး (၆) ပုဒ်၊ ရွှေသွေးတို့လက်ရာ- ဆုရပန်းချီ (၅) ခုတို့နှင့်အတူ ရွှေသွေးချစ်သူ ကလေးငယ်တို့ ပါဝင်ယှဉ်ပြိုင်နိုင်မည့် ကလေးတို့အတွက် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲတို့ကိုလည်း ဖော်ပြထားပါသည်။
ရွှေသွေးဂျာနယ်တွင် အပတ်စဉ် ရေးဆွဲလျက်ရှိသော ကာတွန်းဆရာ၊ ဆရာမများ၏
လက်ရာကောင်း လက်ရာမွန်များကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်မည့် ရွှေသွေးဂျာနယ် အထူးထုတ် (၂၀၂၄) တွင် စာမျက်နှာ ၃၁၆ မျက်နှာ ပါဝင်ပြီး တန်ဖိုး ၅၀၀ဝိ/- ဖြင့် ရန်ကုန်မြို့၊ အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁)၊ အမှတ် တ-၅၅၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ် အရောင်းဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆)တို့တွင် ဝယ်ယူရရှိနိုင်ပါကြောင်း သတင်းရရှိသည်။