ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ သုတပဒေသာ (ရိုးရိုးသိပ္ပံနှင့် အသုံးချသိပ္ပံ) ဒုတိယဆုရရှိသည့် စာရေးသူ မခင်ကြီးမောင် (သတ္တဗေဒ)၏ ‘ငှက်သဘာဝ ထိန်းသိမ်းကြ သာစွဌာနေ တို့မြန်ပြည်’စာအုပ်ကို ဖြန့်ချိရောင်းချ လျက်ရှိသည်။
ယင်းစာအုပ်တွင် စာမူရှင်ကိုယ်တိုင်က သတ္တဗေဒ ပါမောက္ခတစ်ဦးဖြစ်ပြီး ငှက်မျိုးစိတ်တို့၏ ရှင်သန်ပေါက်ဖွား ကျက်စားပုံ၊ ငှက်များ၏ ဇီဝကမ္မဖြစ်စဉ်များနှင့် အပြုအမူများကို ဓာတ်ပုံမှတ်တမ်း များနှင့်တကွ ပြည့်ပြည့်စုံစုံ ရေးသားထားသည်။
မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်တွင် ရှင်သန်ကြသော ငှက်များ၏ သဘောသဘာဝကို နားလည်ကြပြီး ငှက်များကို တန်ဖိုးထားတတ်ကြရန်အတွက်လည်းကောင်း၊ ငှက်များကို ထိန်းသိမ်း စောင့်ရှောက်ကြခြင်းသည် ကမ္ဘာပေါ်ရှိ အထူးသဖြင့် မိမိတို့နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြ သော လူသားအားလုံးကို ကူညီစောင့်ရှောက်ရန်အတွက် တစ်ထောင့်တစ်နေရာက အထောက်အကူ ပြုစေရန်အတွက်လည်းကောင်း ရည်ရွယ်ရေးသားထားသော စာအုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၄၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။