ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ကလေးစာပေ ပထမဆုရရှိသည့် စာရေးသူ သက်ဦးခင်၏ ‘မြန်မာ့ရတနာ ကလေးကဗျာများ’ စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် ကဗျာပုဒ်ရေ (၇၇) ပုဒ် ပါဝင်သည်။ ကျေးလက်တောရွာသဘာဝ အလှအပ ဖွဲ့ဆိုမှုများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ဖော်ကျူးသီကုံးထားသော ကဗျာများ၊ မိမိတို့ရပ်ရွာ မိမိတို့မြို့မိမိတို့တိုင်းပြည်ကို ကလေးငယ်များ ချစ်ခင်မြတ်နိုးလာစေရန် စေတနာလေချို အေးဖြင့် ခြယ်ရေးထားသည့်ကဗျာများ၊ ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးမှု လေးနက်ခိုင်မာစေသည့် ကဗျာများပါဝင်သည်။ ကဗျာအဖွဲ့အနွဲ့တွင် ရိုးရိုးယဉ်ယဉ်လေးနှင့် ကလေးများ နားလည်လွယ်သည့် အသုံးအနှုန်းများ၊ တစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ ရွတ်ဆိုလျှင် ပျော်ရွှင်ကြည်နူးဖွယ်ဖြစ်စေသည့် တေးဂီတသံနွှယ်သော ကဗျာများပါဝင်သည့် ကလေးကဗျာစာအုပ်တစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၄၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။