စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ပြဇာတ်စာပေ ပထမဆုရရှိသည့် စာရေးသူ သျှင်မိုးခင် (ယဉ်ကျေးမှုတက္ကသိုလ်) ၏ “ခိုင်ရွှေညှာနွဲ့ မာလာမှုန်”စာအုပ်ကို ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ပြဇာတ်စာပေ ပထမဆုရရှိသည့် စာရေးသူ သျှင်မိုးခင် (ယဉ်ကျေးမှုတက္ကသိုလ်) ၏ “ခိုင်ရွှေညှာနွဲ့ မာလာမှုန်”စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်သည် ဆရာနေမျိုးနာဋကကျော်ခေါင်၏ ရာမပြဇာတ်တော်ကြီးကို အခန်းကြီး ၅ ခန်း၊ အခန်းငယ် ၃၀ ဖြင့် ဇာတ်ရည်လည်အောင် ရေးဖွဲ့ထားသော ပြဇာတ်စာပေလက်ရာ စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။ မူလပြဇာတ်တော်ကြီး၏ အသွားကိုခင်းကျင်းလျက် ဇာတ်စကား များအတွင်း ပြဇာတ်ရေးသူ၏ ကြံဆချက်များကို လေ့လာနိုင်မည့်အပြင် ပြဇာတ်ကိုဖတ်ရင်း စင်ပေါ်မှာ ကြည့်နေရသကဲ့သို့ ခံစားနိုင်မည်ဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၂၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

အကြံပြုစာ/တိုင်ကြားစာ