ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ လူငယ်စာပေ ဒုတိယဆုရရှိသည့် စာရေးသူ နိုက်၏ “ပေးချင်တဲ့အမွေနှင့် အခြားစာစုများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် ထခုန်တဲ့ငါးကလေး၊ ပေးချင်တဲ့ အမွေ၊ လူငယ်နှင့် လူမှုကွန်ရက်၊ ဝီရိယသမားများ၊ ပြောင်းလဲလာမှုတွေ၊ မုသားကင်းတဲ့ဇုန်၊ စိတ်ဖောင်းကြွသူများ၊ ရွေးချယ်ခြင်း၊ စပ်မိစပ်ရာ ရယ်စရာ၊ လူသားတွေရဲ့ တာဝန်၊ ခွဲစိတ်အစားထိုးကုသခြင်း၊ သစ်တောလူသား၊ အစကို မစမိဖို့၊ သင့်တင့်လျောက်ပတ်စွာ၊ တူနဲ့ပေ အခန်း ၁၅ ခန်းပါဝင်သည်။ ဆောင်းပါးတစ်ပုဒ်ချင်းစီကို ခေတ်မီသော အယူအဆ၊ ခေတ်နှင့် လိုက်လျောညီထွေမှုရှိသော အတွေးအခေါ်၊ ခေတ်နှင့် မကင်းကွာသော ဖြစ်ရပ်များကို အခြေခံ၍ ဖခင်တစ်ဦးက သားနှင့် သမီးထံ ပေးစာသဘောမျိုး ရေးဖွဲ့တင်ပြထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး ၂၅ဝဝ ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။