၃ - ၈ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၃၁) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဩလ ၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ်(၃၁)၌ မည်သည့်အကျိုးကိုမျှ မမျှော်လင့်ဘဲ တကယ့်စိတ်ရင်းမှန်ဖြင့် သူငယ်ချင်းပေစိ၏ မိခင်ကို ကူညီပေးခဲ့သော ပုပုအကြောင်း သရုပ်ဖော်ထားသည့် “ပုပုပါဝင်သည့် စေတနာကံ” မျက်နှာဖုံးဇာတ်လမ်း၊ လှေသူကြီး ဦးကောင်းသည် သူ၏လောဘစိတ်ကြောင့် လှေနစ်မြုပ်သွားပြီး လူရော၊ ပစ္စည်းပါ ဆုံးရှုံး သွားရသည့်အကြောင်းကို တင်ဆက်ထားသည့် “လှေသူကြီး” နှစ်မျက်နှာကာတွန်း၊ မုန့်ဖိုးကို မသုံးပစ်ဘဲ လိုအပ်သည့်နေရာတွင် သုံးရန် စုထားတတ်သော ဝိုင်းချစ်နှင့် မုန့်ဖိုးကို မစုဘဲ အကုန်သုံးပစ်သော မျောက်မူးလဲတို့အကြောင်းကို တင်ဆက်ထားသည့် “မုန့်ဖိုး” တစ်မျက်နှာကာတွန်း၊ မုန့်တွေ အကုန်စား ပြီး ဗိုက်နာသွားသော ဖြိုးရဲအကြောင်းကို  တင်ဆက်ထားသည့်  “တန်ဆေး လွန်ဘေး” နှစ်မျက်နှာ ကာတွန်း၊ သူငယ်ချင်းများအပေါ် အနိုင်ကျင့်သော ဖိုးဇော်ကို ပညာပေးဆုံးမထားသည့်အကြောင်း တင်ဆက်ထားသော “မကောင်းကြံ ကိုယ်ပဲခံ” နှစ်မျက်နှာကာတွန်းနှင့် တိရစ္ဆာန်တွေကို ချစ်တတ်သော ဖိုးတစ်တိုနှင့် ငှက်ပစ်ချင်သည့် သူငယ်ချင်းအကြောင်းကို တင်ဆက်ထားသည့် “ဖိုးတစ်တို” မျက်နှာဝက် ကာတွန်းကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

မြန်မာလူမျိုးများသည် ဝါတွင်းကာလတွင် ဥပုသ်သီလဆောက်တည်ကြပုံနှင့် ကုသိုလ် ကောင်းမှု များ ပြုလုပ်ကြပုံတို့ကို ဗဟုသုတဖြစ်ဖွယ် ရေးဖွဲ့ထားသော “ဝါတွင်းဥပုသ်ချိန်ခါ” သုတကဏ္ဍ၊ တစ်ရွာလုံး အတွက် လိုအပ်နေသော ရေကို ကြိုးစားရှာဖွေပေးခဲ့သည့် မဥဩအကြောင်းကို ရေးသားထားသည့် “ရပ်ရွာအတွက် စွန့်စားသူ” ပုံပြင်ကဏ္ဍ၊ ကျောင်း၏ ဂုဏ်ကိုဆောင်နိုင်ပြီး မိမိအသင်းအတွက် ဦးဆောင်မှု ပေးသည့် မေနှိုင်းအကြောင်းကို ရေးသားထားသည့် “ကျောင်းဂုဏ်ဆောင်သူ မေနှိုင်း”  ဝတ္ထုကဏ္ဍ၊ နေ့စဉ်သုံး စကားအသုံးအနှုန်းများကို လေ့ကျင့်မှုများပြုလုပ်နိုင်မည့် “အသုံးဝင်သည့် နေ့စဉ်သုံး အထူး စကားအသုံးအနှုန်းများ” အင်္ဂလိပ်စာ သင်ခန်းစာကဏ္ဍနှင့် ဝါခေါင်လတွင် အရပ်မျက်နှာများအားလုံး အုံ့မှိုင်းကာ ခတ္တာပန်းများ ပွင့်ကြပုံနှင့် စာရေးတံမဲပွဲ ကျင်းပကြပုံအကြောင်း ရေးဖွဲ့ထားသည့် “ဝါခေါင်လ” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ