၁၀ - ၈ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၃၂) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ်(၃၂)၌ အခြားသူများကဲ့သို့ စွမ်းဆောင်နိုင်စွမ်းမရှိဟု စိတ်အားငယ်နေရာမှ သူ၏ အစွမ်းအစ ကို သိရှိသွားသော ဘဲလေးအကြောင်းကို ရေးဖွဲ့ထားသည့် “အစွမ်းကိုယ်စီ” မျက်နှာဖုံးကာတွန်း၊ ကျောင်းအားလပ်ရက်တွင် ရပ်ကွက်သန့်ရှင်းရေးလုပ်ရာ၌ အကူအညီပေးခဲ့သော မိဆုတို့ သူငယ်ချင်းများ အကြောင်းကို ရေးဖွဲ့ထားသည့် “မိဆုနဲ့ မိုးရာသီ” နှစ်မျက်နှာကာတွန်း၊ အစ်မဖြစ်သူ၏ စကားကို နားမထောင်ဘဲ အပြင်ထွက်၍ ကစားမိသဖြင့် ခွေးလိုက်ခံခဲ့ရသော လင်းထက်အကြောင်းကို ရေးဖွဲ့ထား သည့် “လင်းထက် - လိမ္မာပါ” နှစ်မျက်နှာကာတွန်း၊ ခွင့်စာကို လိမ်ညာရေးသဖြင့် ဆရာမ၏ အပြစ် ပေးခြင်းကို ခံရသည့် ဘုန်းဆင့်သူအကြောင်းကို ရေးဖွဲ့ထားသည့် “ဘုန်းဆင့်သူ ပါဝင်သော ခွင့်စာ” နှစ်မျက်နှာကာတွန်း၊ မုန့်ကိုတက်သော ပုရွက်ဆိတ်များသည် လက်ဆေးမထားသောကြောင့် ပုရွက်ဆိတ် တက်သော မုန့်ကို မစားလိုသော ဖိုးတစ်တိုအကြောင်းကို ဟာသဖြစ်ဖွယ်ရေးဖွဲ့ထားသည့် “ဖိုးတစ်တို” တစ်မျက်နှာကာတွန်း၊ အိပ်ရာထပျင်းသော ဖိုးကဲနှင့် သူ၏အဖေတို့အကြောင်းကို ရေးဖွဲ့ထားသည့် “နာရီလေး သနားစရာ” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။

သုတဆောင်းပါးကဏ္ဍတွင် အသံလှိုင်းများဖြစ်ပေါ်လာပုံနှင့် အသံလှိုင်း၏ အတိုးအကျယ်ကို ဗဟုသုတဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “အသံလှိုင်း” သုတဆောင်းပါးကို ထည့်သွင်းဖော်ပြထားပါသည်။ မိမိတို့၏ အယူအဆအမှားကြောင့် သူတစ်ပါး ဒုက္ခရောက်အောင် လုပ်ဆောင်မိ၍ နောင်တရသွားသော မောင်ကြီးနှင့် မောင်ငယ်တို့ ညီအစ်ကိုနှစ်ဦးအကြောင်းကို ရေးဖွဲ့ထားသည့် “ညီအစ်ကိုနှစ်ဦးနှင့် မြည်းလေး” ပုံပြင်နှင့် မွေးနေ့ပွဲတွင် မွေးနေ့ကိတ်ဝယ်မည့် ပိုက်ဆံကို ဘိုးဘွားရိပ်သာသို့ အလှူသွားလုပ် ဖြစ်ခဲ့သော ဝါဝါအကြောင်းကို ရေးဖွဲ့ထားသည့် “မွေးနေ့ကိတ်” ဝတ္ထုတို့ ပါဝင်ပါသည်။ ထို့ပြင် မွေးနေ့ ဖိတ်စာ လိုက်ဝေသည့် ခင်ခင်ပြူးကို စာကြည့်တိုက်၊ ဘောလုံးကွင်းနဲ့ ရေကူးကန်တို့ကို မဖြတ်ရဘဲ အိမ်စေ့ ဝေနိုင်အောင် ကူညီပေးနိုင်မည့် “ဉာဏ်စမ်း” ၊ ရွှေသွေးဂျာနယ်တွင် ထည့်သွင်းနိုင်ရန် စာရေးဆရာများနှင့် ကာတွန်းဆရာများထံမှ စာမူနှင့် ကာတွန်း ဒီဇိုင်းများ ပို့ပေးနိုင်ရန် ကြော်ငြာသည့် “ရွှေသွေးဂျာနယ်သို့ စာမူနှင့် ကာတွန်းဒီဇိုင်းများ ပေးပို့ရန် ဖိတ်ခေါ်ခြင်း” ကြော်ငြာ၊ ကလေးတို့ပေးပို့သော ပန်းချီလက်ရာများ ကို ထည့်သွင်းဖော်ပြထားသည့်  “ရွှေသွေးတို့ လက်ရာ” ကဏ္ဍနှင့် ကျေးငှက်တို့နှင့် သာယာဖွယ်ကောင်း သော တောတောင်သဘာဝအကြောင်းကို ရေးဖွဲ့ထားသည့် “စုံတောမြိုင်” ကဗျာတို့ ပါဝင်ပါသည်။

အင်္ဂလိပ်စာ သင်ခန်းစာကဏ္ဍအနေဖြင့် ပြောင်းရွှေ့နေထိုင်မည့် အိမ်အသစ်တွင် ရေဖွင့်ပေးရန် ရေပေးဝေရေးကုမ္ပဏီအား အကြောင်းကြားပုံကို ပြောဆိုပုံအမျိုးမျိုးနှင့် ရေးဖွဲ့ထားသည့် “ရွှေသွေး စကားဝိုင်း” ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ