စာပေဗိမာန်စာမူဆုရစာအုပ် ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ ပထမဆုရရှိသည့် စာရေးသူ စောပုလဲမယ်၏ ‘ရွှေတိဂုံစေတီတော် ခေါင်းလောင်းတော်များ’စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ဤစာအုပ်သည် ရွှေတိဂုံစေတီတော်ကြီး၌ အလှူရှင်အဆက်ဆက် လှူဒါန်းခဲ့ကြသော ခေါင်းလောင်းတော်များတွင် ရေးထိုးထားခဲ့ကြသည့် ကမ္ပည်းစာများနှင့် အမှတ်အသားများမှာ နှစ် ကာလ ကြာမြင့်လာသောအခါ ပျောက်ကွယ်သွားနိုင်သဖြင့် နောင်လာနောက်သားများ သိခွင့်ရစေ ရေးအတွက် စာအုပ်အဖြစ် မှတ်တမ်းတင်နိုင်ရန် အချိန်ယူအလေးထားပြီး လက်တွေ့လေ့လာ ပြုစု ရေးသားထားသော စာအုပ်ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်း၊ မြန်မာ့အကြီးဆုံးခေါင်းလောင်း၊ ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်ရှိ ‌ခေါင်းလောင်း (၃၃) လုံး၊ အလယ်ပစ္စယံရှိ ‌ခေါင်းလောင်း (၃) လုံး၊ အောက်ပစ္စယံရှိ ခေါင်းလောင်း (၆)လုံး၊ မြေညီထပ်ရှိ ခေါင်းလောင်း (၂) လုံး စသည့် ခေါင်းလောင်း များ၏ အလှူရှင်များစာရင်းနှင့် မှတ်တမ်းမှတ်ရာများကို အခန်း (၇)ခန်း ခွဲခြားကာ ဓာတ်ပုံများ ဝေဝေဆာဆာနှင့် ကျမ်းကိုး အထောက်အထား ပြည့်စုံစွာဖြင့် စေတနာထားကြိုးစားပြီး ပြုစုထား သော စာအုပ်ဖြစ်သည်။ ရွှေတိဂုံစေတီ‌တော်ကြီး၏ သမိုင်းဆိုင်ရာ အချက်အလက်များအတွက်လည်း များစွာ အထောက်အကူပြုနိုင်စွမ်း ရှိသဖြင့် တန်ဖိုးရှိလှသော စာအုပ်ဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၃၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေ ဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

 

အကြံပြုစာ/တိုင်ကြားစာ