“လုလင် (မှော်ဝန်းမြေ)” ရေးသားသည့် “ဘဝပုံရိပ်ကဗျာများနှင့် အခြားကဗျာများ” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“လုလင် (မှော်ဝန်းမြေ)” ရေးသားသည့် “ဘဝပုံရိပ်ကဗျာများနှင့် အခြားကဗျာများ” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ ကဗျာပေါင်းချုပ် ဒုတိယဆုရရှိသည့် စာရေးသူ လုလင် (မှော်ဝန်းမြေ)  ၏ ဘဝပုံရိပ်ကဗျာများနှင့် အခြားကဗျာများ စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ဤကဗျာစာအုပ်တွင် ကဗျာပုဒ်ရေ (၇၉) ပုဒ် ပါရှိသည်။ အကြောင်းအရာတူရာ စုစည်း၍ အခန်း (၈) ခန်း ခွဲခြားတင်ပြထားသည်။ လေးလုံးစပ်ကဗျာ၊ ဒွေးချိုး၊ တြိချိုး၊ လေးဆစ်ချိုးကဗျာ၊ တျာချင်း၊ တေးထပ် စသည်ဖြင့် ကဗျာဖွဲ့နည်း အတန်အသင့်စုံလင်စွာပါရှိပြီး မြန်မာကဗျာဖွဲ့နည်း စနစ်များအတိုင်း မှန်ကန်စွာ ရေးဖွဲ့ထားသည်။ ကဗျာစာမူခေါင်းစဉ်တွင် ဖော်ပြထားသကဲ့သို့ပင် ကဗျာရှင်၏ ဘဝပုံရိပ်များ၊ လူငယ်ဘဝ ချစ်ခြင်းမေတ္တာဖွဲ့ ကဗျာများ၊ မိဘဆရာတို့၏ကျေးဇူးတရား နှင့် အလှူဒါန တရားဓမ္မအသိအမြင်များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေးနှင့် တိုင်းချစ် ပြည်ချစ်စိတ် နိုးကြားစေသောကဗျာများ၊ ကျေးလက်ဘဝ၊ ကျေးလက်အလှကဗျာများ စသည်ဖြင့် အကြောင်းအရာစုံကို ရသထုံမွမ်းရေးဖွဲ့ထားသဖြင့် ဖတ်ရှုဖွယ်ကောင်းသော ကဗျာစာအုပ်ကောင်း တစ်အုပ် ဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းဈေး ၃၅၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ