ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၇)၊ အမှတ်(၃) ၌ မေတ္တာတရားဆိုသည်မှာ လူများတွင်သာ မဟုတ်ဘဲ တိရစ္ဆာန်များမှာပါ ရှိသည့် အကြောင်းကို သရုပ်ဖော်ထားသည့် “မေတ္တာတရား” မျက်နှာဖုံးဇာတ်လမ်း၊ လေကို အပြစ်တင်မိသည့် ငှက်ကလေးအကြောင်း သရုပ်ဖော်ထားသည့် “ငှက်ကလေး” နှစ်မျက်နှာကာတွန်း၊ ဆရာမ မေးသည့် ဝါကျကို သူ၏ ဟာသဉာဏ်ဖြင့် ပြန်လည်ဖြေဆိုသည့် ပန်ပန်အကြောင်း တင်ဆက်ထားသည့် “ပန်ပန်၏ ကျင်၊ ကြင်၊ ကျဉ် နှင့် ကြဉ်” တစ်မျက်နှာကာတွန်း၊ ပိုက်ဆံအိတ်သူခိုးကို ဖမ်းပေးသည့် ဖြိုးရဲတို့ သူငယ်ချင်းများအကြောင်းကို သရုပ်ဖော်ထားသည့် “ဖြိုးရဲ-လေ့လာစူးစမ်း” နှစ်မျက်နှာကာတွန်း၊ မြေခွေး၏ ကောက်ကျစ်သည့်အကြံမှ ရှောင်ရှားနိုင်ခဲ့သည့် သမင်လေးအကြောင်း သရုပ်ဖော်ထားသည့် “သိနေတယ်” နှစ်မျက်နှာကာတွန်း၊ ပေါတောလေးက ‘ဗဟုသုတ’ ၏ အနက်အဓိပ္ပာယ်ကို ရှင်းပြပုံအား သရုပ်ဖော်ထားသည့် “ပေါတောလေး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
လူတိုင်း လိုက်နာသင့်သည့် ကျန်းမာခြင်း အကြောင်းတရားလေးပါးအကြောင်း ဗဟုသုတ ရရှိစေရန် ရေးသားထားသည့် “အသက်ရှည်ရာ အနာမဲ့ကြောင်း” သုတကဏ္ဍ၊ လူတိုင်းတွင် စိတ်ဓာတ်ကောင်း၊ ခံယူချက်ကောင်းများ ရှိသင့်သည်ကို တွေးမိသည့် ထွန်းတောက်အကြောင်း ရေးသား ထားသည့် “လူ့မနော” ဝတ္ထုကဏ္ဍ၊ အသက်အရွယ် ကြီးရင့်သူများသည် ဉာဏ်အမြော်အမြင် ကြီးမား၍ အတွေ့အကြုံများစွာ ရှိသည်ကို နားလည်သဘောပေါက်သွားသည့် ဘုရင်လေးအကြောင်း ရေးသားထား သည့် “အသက်ကြီးသူ၏ စဉ်းစားဉာဏ်” ပုံပြင်ကဏ္ဍနှင့် မိမိ၏ဉာဏ်ဖြင့် ဆင်ခြင်ကြံဆ၍ ကြိုးစားလျှင် အောင်မြင်မှုများရရှိနိုင်ပြီး မိမိကိုယ်ကိုသာ အားကိုးသင့်ကြောင်း “မိမိကိုယ်သာ အားကိုးရာ” ကဗျာကဏ္ဍ တို့ကို တင်ဆက်ထားပါသည်။
အင်္ဂလိပ်စာအနေနှင့် လေ့ကျင့်မှုများ၊ ဝါကျများနှင့် အစားထိုးလေ့ကျင့်မှုများ ပြုလုပ်နိုင်မည့် ဆရာ KML ၏ “အသုံးဝင်သည့် နေ့စဉ်သုံး အထူးစကားအသုံးအနှုန်းများ” အင်္ဂလိပ်စာကဏ္ဍ၊ ဉာဏ်စမ်း ကဏ္ဍနှင့် ကဏ္ဍာစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။