ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ်(၆)၌ အပင်များကို ဖျက်ဆီးမိသည့် ဖြိုးရဲသည် သူ့လုပ်ရပ်မှားကြောင်း သိရှိသွားပုံကို သရုပ်ဖော်ထားသည့် “ခွင့်လွှတ်ပါ ဖေဖေ” မျက်နှာဖုံးကာတွန်း၊ စိတ်ထားကောင်း၍ ကူညီတတ်သူ ဖြစ်သော်လည်း မစူးစမ်း မဆင်ခြင်မှုကြောင့် အမှားတွေ့ရသည့် ညိုချောအကြောင်းကို သရုပ်ဖော်ထားသည့် “ညိုချော” နှစ်မျက်နှာကာတွန်း၊ လင်းသစ်စိတ်နှစ်ပြီးဖတ်သည့် စာအုပ်မှာ သရဲဝတ္ထုဖြစ်သည့် အကြောင်း သရုပ်ဖော်ထားသည့် “လင်းသစ်” တစ်မျက်နှာကာတွန်း၊ ရှေးဦးသူနာပြုစုနည်းကို လေ့လာ ထားသင့်သလို၊ မြန်မာ့တိုင်းရင်းဆေးကိုလည်း သိထားသင့်ကြောင်း သရုပ်ဖော်ထားသည့် “တိုင်းရင်းဆေး” နှစ်မျက်နှာကာတွန်း၊ ကျောင်းသားဆိုသည်မှာ ကျောင်းစာမှလွဲ၍ တခြားအကြောင်းအရာများကို မစဉ်း စားသင့်ကြောင်း ရန်ပိုင်စိုးကို ဦးလေးက ဆုံးမထားသည်ကို သရုပ်ဖော်ထားသည့် “ရန်ပိုင်စိုး” နှစ်မျက်နှာ ကာတွန်းနှင့် ပန်ပန်က အရိုးမပါသည့် ကြက်ကြော်အကြောင်းကို ဟိန်းစည်အား မေးထားသည်ကို သရုပ် ဖော်ထားသည့် “ပန်ပန်- ကြက်ကြော်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတဆောင်းပါးကဏ္ဍတွင် အာကာသထဲရှိ တွင်းနက်များအကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသား ထားသည့် “အာကာသ တွင်းနက်များ” သုတဆောင်းပါးကဏ္ဍ၊ ဖြိုးရဲ၏ ခွေးလေးကို သူ၏ အစာဆီသို့ ရောက်အောင် ကူညီပြီး လမ်းပြပေးစေလိုသည့် “ဉာဏ်စမ်း” ကဏ္ဍ၊ သားသမီးသုံးယောက်၏ လိမ္မာ ယဉ်ကျေးပုံ၊ စေတနာနှင့် သဒ္ဓါတရား ရှိပုံတို့ကြောင့် ဝမ်းသာပီတိဖြစ်ရသည်ကို ရေးသားထားသည့် မိဘ နှစ်ပါးအကြောင်း “အဖေ အမေတို့၏ အပြုံးပီတိ” ဝတ္ထုကဏ္ဍ၊ ဆေးဆရာမောင်နတ်၏ အသိဉာဏ်နည်းပါး သည့်အကြောင်းကို ရေးသားထားသည့် “ဆေးဆရာ မောင်နတ်” ပုံပြင်ကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို ထည့်သွင်းဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ တိုင်းရင်းသားများ သစ္စာပြု ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရန်နှင့် အဓွန့်ရှည်ရေးကို ဝိုင်းဝန်းကာကွယ်ပေးကြရန် ရေးဖွဲ့ထားသည့် “ချစ်သော ပြည်ထောင်စု” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
အင်္ဂလိပ်စာ ကဏ္ဍအနေဖြင့် တိုက်ခန်းငှားရမ်းသည့်အခါ ငှားရမ်းခဈေးနှုန်းကို အပြန်အလှန် ညှိနှိုင်းပြောဆိုပုံကို လေ့လာနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။