စာရေးသူ သိပ္ပံနည်းပညာ အင်ဂျင်နီယာထွန်း (၁၉၉၂ခုနှစ် စက်မှုစီးပွားထူးချွန်) ရေးသားသော “သိပ္ပံနည်းပညာဆောင်းပါးစု” စာအုပ် ထုတ်ဝေဖြန့်ချိ

စာရေးသူ သိပ္ပံနည်းပညာအင်ဂျင်နီယာထွန်း (၁၉၉၂ခုနှစ် စက်မှုစီးပွားထူးချွန်) ရေးသား သော “သိပ္ပံနည်းပညာဆောင်းပါးစု” စာအုပ်ကို စာပေဗိမာန်က ပထမအကြိမ် ထုတ်ဝေလိုက်ပါသည်။

စာအုပ်တွင် EV (လျှပ်စစ်ကား) နှင့် ICE Vehicle (လောင်စာဆီသုံးအင်ဂျင်ကား) တို့ ကွာခြားမှု အားသာချက်များအကြောင်း၊ လေဟာနယ် သဲနုခြောက်သွန်းပုံအတွင်း သတ္တုရည်သွန်း လောင်းခြင်း နည်းပညာ (Introduction to V-Process)၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး သဘာဝ စွမ်းအင်၊ တိုယိုတာ (Toyota) အခြေပြု စွမ်းအားပြည့် စွမ်းရည်ပြည့် ကုန်ထုတ်လုပ်ခြင်း နည်းစနစ်၊ လေဟာနယ်အတွင်း သတ္တုသွန်းလောင်း ထုတ်လုပ်မှု၊ အစားအစာနှင့် ရေထည့်သည့် ပလတ်စတစ် ထည့်စရာများ၏ အန္တရာယ်၊ အဆိပ်ဓာတ်ငွေ့များ ပျောက်စေတဲ့ EV ယာဉ်နဲ့ နေရောင်ခြည်စွမ်းအား၊ ယနေ့လူငယ်များအကြောင်း၊ သုတသိပ္ပံနည်းပညာ (လေဟာနယ်ပုံအတွင်း သတ္တုသွန်းလောင်းခြင်း၊ ခေတ်မီ လျှပ်စစ်ကား) အကြောင်း ဟောပြောဆွေးနွေးခြင်း၊ သုတသိပ္ပံ နည်းပညာ (လေဟာနယ်ပုံ အတွင်း သတ္တုသွန်းလောင်းခြင်း၊ ခေတ်မီလျှပ်စစ်ကား) အကြောင်း သိကောင်းစရာများ” စသည်ဖြင့် ဆောင်းပါး (၁၈) ပုဒ်ကို စုစည်းဖော်ပြထားပါသည်။

ခေတ်မီသိပ္ပံပညာနှင့် နည်းပညာများကို စိတ်ဝင်စားသူ၊ နိုင်ငံ့တာဝန် ထမ်းဆောင်ရင်း စာရေးသူကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့သည့် နည်းပညာဆောင်ရွက်ချက်များကို လေ့လာလိုသူ စာဖတ်ပရိသတ်များဖတ်ရှုသင့်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။

စာအုပ်တွင် စာမျက်နှာ ၂၀၅ မျက်နှာပါဝင်ပြီး တန်ဖိုး ၅၀၀၀ ကျပ်ဖြင့် ရန်ကုန်၊ အမှတ် ၅၂၉- ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိစာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိစာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) တို့တွင် ဝယ်ယူ ရရှိနိုင်ကြောင်း သတင်းရရှိသည်။

 

 

 

အကြံပြုစာ/တိုင်ကြားစာ