ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု လူငယ်စာပေ တတိယဆုရရှိသည့် စာရေးဆရာ ယဉ်မင်း (ပန်းတောင်း) ၏ “ရွှေရနံ့နှင့် အခြားလူငယ်ဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ဤစာမူတွင် လူငယ်ဝတ္ထုတို (၉) ပုဒ် ပါဝင်သည်။ ဝတ္ထုများ၏ ဦးတည်ချက်မှာ မြန်မာ့ယဉ်ကျေးမှုကိုတန်ဖိုးထားရန်၊ စာအစုံဖတ်ခြင်း၏အကျိုးရလဒ်၊ မသန်စွမ်းလူငယ်များကို ထောက်ထားစာနာသင့်ပုံ၊ ဆေးလိပ်အပါအဝင် မူးယစ်ဆေးဝါး၏ဆိုးကျိုး၊ ငွေကြေးမပြည့်စုံသော်လည်း သားသမီး များကို ပညာတတ်ဖြစ်စေလိုသော ကြီးမားလှသည့် မိဘကျေးဇူး၊ သူတစ်ပါးအား မကောင်းကြံရုံနှင့် မိမိသာ ဦးစွာဒဏ်ခံရတတ်ကြောင်း စသည့်အကြောင်းရပ်များကို ရေးသားထားခြင်းဖြစ်သည်။ စာအရေးအသားများသည် ရိုးစင်း၍ ဝတ္ထုရေးဖွဲ့ရာတွင်လည်း စာရေးသူ၏လူငယ်များအပေါ်ထားရှိသော စေတနာကို တွေ့မြင်ရသည်။ စာရေးသူ၏ စေတနာဖြင့်ရေးသားထားသော ဤစာအုပ်သည် စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး ၃၅၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။