ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီနှင့် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့တို့မှ စာပေပညာရှင်များကို ဉာဏ်ပူဇော်ခများ ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီနှင့် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့တို့မှ စာပေပညာရှင်များကို ဉာဏ် ပူဇော်ခများ ချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် (တနင်္ဂနွေနေ့) တွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ရုံးချုပ်၌ ကျင်းပခဲ့သည်။ အခမ်းအနားကို အစီအစဉ် (၈) ရပ်ဖြင့် ကျင်းပခဲ့ပြီး  ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက စာပေဆုရွေးချယ်ရေးအဖွဲ့ဝင် စာပေပညာရှင်များကို ဉာဏ်ပူဇော်ခများ ချီးမြှင့်ခဲ့ သည်။ ထို့နောက် စာပေပညာရှင်များက အထွေထွေဆွေးနွေးခြင်းများ ပြုလုပ်ပြီး အခမ်းအနား ကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

02-43

03-39

အကြံပြုစာ/တိုင်ကြားစာ