၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၆ ခုနှစ်၊ မေလ၊ အတွဲ (၅၃)၊ အမှတ် (၅) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းတွင် ပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “ကုန်ထုတ်စွမ်းအားမြှင့်တင်ခြင်းဖြင့် MSME လုပ်ငန်းများ ရေရှည်ရှင်သန် နိုင်ရေး” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် MSME လုပ်ငန်းများ ရေရှည်ရှင်သန်ရေး၊ အမ်အက်စ်အမ်အီးများ ရှင်သန်ရေး ကုန်ထုတ်စွမ်းအား မြှင့်တင်ပေး၊ MSME လုပ်ငန်းများနှင့် AI အသုံးပြုခြင်း၊ လူငယ်ရေးရာကဏ္ဍတွင် စိတ်၊ ဘာကြောင့် လက်ဦးဆရာလို့ သတ်မှတ်ကြတာလဲ၊ သောကကင်းဝေး နေနိုင်ရေး၊ သုံးဆယ်ကျော်မှ ကံထလာသူ၊ လူငယ်များ ဖတ်ရှုလေ့လာသင့်သော ဘာသာပြန်စာပေ၊ လမြတ်ကဆုန်၊ မြန်မာလူမျိုးတို့၏ ထမင်းဝိုင်းဓလေ့၊ ကဗျာကဏ္ဍတွင် လူငယ့် အားမာန် Youth Peace Forum၊ သက်တံလေး၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ပလေတို၏ မှတ်သားဖွယ်ရာ အဆိုအမိန့်များ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် မျက်လုံးချင်းဆုံလို့ ရင်မခုန်ကြသူတွေ၊ ဆိုက်ဘေးရီးယား၊ ရေနံ၊ ကရင်မလင်နှင့် ပြည်သူ့ဘဝ၊ မျှော်လင့်နိုင်သော မျှော်လင့်ခြင်း၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် မီးဘေးရန်စွယ် သတိပြုကာကွယ်၊ အေးခဲပြီး စိတ်လှုပ်ရှားဖွယ် အန္တာတိကတိုက်အကြောင်း၊ ကလေးအလုပ်သမားဆိုင်ရာကဏ္ဍတွင် ကလေး အလုပ်သမားပြဿနာနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၊ အကြမ်းဖက်မှုဆိုင်ရာကဏ္ဍတွင် အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ရက်စက်ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်မှု၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၈၉)၊ ရယ်မောပျော်ရွှင် ဘဝတွင်၊ မောပန်းနွမ်းနယ်လွယ်ခြင်း၊ ဝတ္ထုတို ကဏ္ဍတွင် ဖြစ်ပုံပြောပြသော နှလုံးသား၊ အထွေထွေကဏ္ဍတွင် ကလေးသူငယ်များကို ကာကွယ် စောင့်ရှောက်ကြပါ၊ တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း၊ လေပြင်းတစ်ချက်၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်စာအုပ်ဆိုင်၊ ဖုန်း ၀၉-၄၄၉၅၄၀၆၆၇၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂-၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူ လိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။