ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်ထုတ် အတွဲ (၇၄)၊ အမှတ် (၈) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ လျှောက်လွှာခေါ်ယူခြင်း ကြော်ငြာစာ၊ Ksetra National Real Estate Management Co., Ltd Notice Under Section 206 (1) of the Myanmar Compaines Act (In Voluntary Liquidation)၊ In the Matter of Commercial Bank of Ceylon PLC (Yangon Representative Office)၊ Shwe Pann Taing Trading Company Limited၊ Sein Pyae Sone Company Limited၊ Maung Maung Aung Trading Company Limited နှင့် Bagan House Lacquerware Company Limited တို့ (အစုရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခြင်း၊ Greater Man International Trading Co., Ltd မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၃၅၇ အရ အပြီးသတ် ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာချက်၊ အက်ဗန့်(ဒ်) ယူတီလက်တီ ကုမ္ပဏီလီမိတက် (Advance Utilities Company Limited)၊ ဧရာရွှေဝါ သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက် နှင့် အဲ (လ်) လိုင်းရန့် (စ်) ဗဲလူးကုမ္ပဏီလီမိတက် (Alliance Value Company Limited) တို့ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၆ (၁) အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များ ဆန္ဒအလျောက်ဖျက်သိမ်းရန် ကြော်ငြာခြင်း၊ Maha Agriculture Public Company Limited မြန်မာကုမ္ပဏီများဥပဒေပုဒ်မ ၅၈ အရ ကုမ္ပဏီအမျိုးအစားပြောင်းလဲခြင်းအတွက် အထူးဆုံးဖြတ်ချက်အား အသိပေးကြေညာချက်၊ ALPHA TECHNOLOGY & COMMUNICATION (MYANMAR) CO., LTD အစုရှင်ယာရှင်များ ဆန္ဒအလျောက်ဖျက်သိမ်းခြင်း မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၈ (င) အရ အပြီးသတ်နောက်ဆုံးအစည်းအဝေးဖိတ်ကြားခြင်း၊ L A COLLECTIVE COMPANY LIMITED အစုရှင်ယာရှင်များ ဆန္ဒအလျောက်ဖျက်သိမ်းခြင်း မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၃၅၇ (က) အရ အပြီးသတ်နောက်ဆုံး အစည်းအဝေးဖိတ်ကြားခြင်း၊ ဂျီ အာ (ရ်) အက် (စ်) ထရေးဒင်း လီမိတက် (G R S Trading Limited) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၆ (၁) အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များ ဆန္ဒအလျောက်ဖျက်သိမ်းရန် ကြော်ငြာခြင်း၊ တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။