Jul 08, 2024
တပ်မတော်သားတစ်ဦး အမိစစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းမှ သင်တန်းဆင်းပြီးနောက် ကချင်ပြည်နယ် မိုးကောင်းမြို့ရှိ မိခင်တပ်ရင်းသို့ ရောက်ရှိခဲ့သည်။ ရောက်ရှိပြီးမကြာမီ တိုက်ပွဲဝင် စည်းရုံးရေး (အရာရှိ) သင်တန်းတက်ရသည်။ ထို့နောက် နမ္မတီးမြို့ မြောက်ဘက်ရှိ နမ်းခမ်းခ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို သွားရောက်ရာ၌ ပါဝင်ခဲ့သည်။ တစ်ဖန် ခြေလျင်တပ်စုမှူးသင်တန်းဆင်းပြီး မိခင်တပ်သို့ပြန်ရောက်သောအခါ နယ်မြေမှာ မအေးချမ်းတော့၍ စစ်ဆင်ရေးထွက်ရသည်။ စစ်ဆင်ရေးကာလအတွင်း စစ်ကြောင်းတစ်လျှောက် တိုင်းရင်းသား ရွာစဉ် များကို နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးတို့ ဆောင်ရွက်ပေးရသည်။ မအေးချမ်းသောဒေသဖြစ်၍ သောင်းကျန်းသူများနှင့် ထိတွေ့မှုများရှိခဲ့ရာ လက်နက်ကြီး၊ လက်နက်ငယ်အသံတို့မှာ နားကွဲမတတ် ခံစားခဲ့ရသည်။ အတွေ့အကြုံကနုနု မုန်တိုင်းကထန်ထန် ဖြစ်ခဲ့သော်လည်း တိုင်းပြည်နှင့်လူမျိုး အတွက် အသက်ပေးဆပ်ထားသူပီပီ စစ်သည်ရဲဘော်ရဲဘက်များနှင့် လက်တွဲမဖြုတ် သံမဏိ စိတ်ဓာတ်ဖြင့် ရန်သူကို မကြောက်မရွံ့ တိုက်ပွဲဝင်ခဲ့ကြသည်။