မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေး စာတမ်းဖတ်ပွဲနှင့် စာပေဟောပြောဆွေးနွေးပွဲ ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ဝန်ထမ်းများ မြန်မာစာပေနှင့်ပတ်သက်၍ ပိုမိုကျွမ်းကျင်ကောင်းမွန်စွာ သိလာစေရန်အတွက် စာတမ်းဖတ်ပွဲကို ၂-၂-၂၀၂၄ (သောကြာနေ့) နံနက် ၁၀:၃၀ နာရီမှ ၁၂:၀၀ နာရီထိလည်းကောင်း၊ မွန်းလွဲ ၁:၀၀နာရီမှ ၂:၀၀နာရီထိလည်းကောင်း စာပေဗိမာန်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ စာတမ်းဖတ်ပွဲကို အစီအစဉ် (၈) ရပ်ဖြင့် ကျင်းပခဲ့ပြီး အမျိုးသားစာပေတစ်သက်တာဆုရှင် ဆရာကြီးဒေါက်တာထွန်းတင့်က “မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေး” ဟူသော ခေါင်းစဉ်ဖြင့် မြန်မာစာပေနှင့်ပတ်သက်၍ သိရှိလိုက်နာသင့်သည်များကို ဟောပြောဆွေးနွေးခဲ့သည်။