၂၂-၁၁-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၄၇) ထွက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၅၇)၊ အမှတ် (၄၇) ၌ ခန္ဓာကိုယ်အရွယ်အစားသေးသော်လည်း အသိဉာဏ်ပညာ ကြီးမားသော ပုရွက်ဆိတ်လေးအကြောင်း သရုပ်ဖော်ထားသည့် “သတ္တိကောင်းတဲ့ ပုရွက်ဆိတ်လေး” မျက်နှာဖုံးကာတွန်း၊ မိမိတွင်ရှိသော အရည်အချင်းကို ခြေခြေမြစ်မြစ် မသိဘဲ မိမိကိုယ်မိမိ ဘဝင်မြင့် အထင်ကြီးမိရာက ဒုက္ခရောက်ရသော တောခွေးအကြောင်း သရုပ်ဖော်ထားသည့် “တ