နေပြည်တော်ရှိ မြို့မဈေးနှင့် ရေပန်းဥယျာဉ်တို့တွင် မသန်စွမ်းသူများအတွက် Barrier Free များ တည်ဆောက်ပြီးစီး
မသန်စွမ်းသူများ၏ အခွင့်အရေးကို အလေးထားသည့်အနေဖြင့် နေပြည်တော်ရှိ မြို့မဈေးနှင့် ရေပန်းဥယျာဉ်တို့တွင် မသန်စွမ်းသူများအတွက် Barrier Free များကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်မှ စတင်ပြီး တည်ဆောက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက်တွင် အပြီးသတ် တည်ဆောက်ပြီးစီးပြီ ဖြစ်ပါသည်။
အဆိုပါ Barrier Free ဇုံများကို ရန်ကုန်မြို့၊ ကြည့်မြင်တိုင် မျက်မမြင်ကျောင်း၏ အကြံပြုချက်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မသန်စွမ်းသူများ လွတ်လပ်စွာ၊ သက်သောင့်သက်သာရှိစွာ၊ လုံခြုံမှုရှိစွာ သွားလာအသုံးပြုနိုင်ရေး ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
