ရန်ကုန်တိုင်းဒေသကြီး

ကိုကိုးကျွန်းမြို့နယ်တွင် စက်ချုပ်သင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ စက်ချုပ်သင်တန်း ဖွင့်လှစ်လျက်ရှိရာ နေ့စဉ်နံနက် (၉) နာရီမှစ၍ ပုံမှန်ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့နာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(၂၄) ကြိမ်မြောက် အာဆီယံဘဏ်လုပ်ငန်းဆိုင်ရာညီလာခံနှင့် (၅၃) ကြိမ်မြောက် အာဆီယံဘဏ်လုပ်ငန်းကောင်စီအစည်းအဝေးများ မြန်မာနိုင်ငံ၌ စတင်ကျင်းပ

(၂၄) ကြိမ်မြောက် အာဆီယံဘဏ်လုပ်ငန်းဆိုင်ရာညီလာခံနှင့် (၅၃) ကြိမ်မြောက် အာဆီယံဘဏ်လုပ်ငန်းကောင်စီအစည်းအဝေးများကို မြန်မာနိုင်ငံဘဏ်များအသင်းက အိမ်ရှင်အဖြစ် နိုဝင်ဘာလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိရန်ကုန်မြို့၊ Novotel Yangon Max Hotel ၌ ကျင်းပသွားမည်ဖြစ်ရာ ယမန်နေ့က (၂၄) ကြိမ်မြောက် အာဆီယံဘဏ်လုပ်ငန်းဆိုင်ရာညီလာခံအား“Optimising Banking in a Digital Age: Successes and Challenges” ခေါင်းစဉ်ဖြင့် စတင်ကျင်းပသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ မျက်စိဝေဒနာရှင်များအား ဗဟန်းအမျိုးသမီးဆေးရုံကြီးမှ မျက်စိအထူးအကုဆရာဝန်ကြီးများက ဆေးကုသမှုဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ ဗဟန်းအမျိုးသမီးဆေးရုံကြီးတို့ ပူးပေါင်းဆောင်ရွက်သည့် “မရှိ၍မလင်းသူ မရှိစေရ” အစီအစဉ်ဖြင့် မျက်စိဝေဒနာရှင်များအား ကွင်းဆင်းကုသ‌ပေးခြင်းကို မြို့နယ်‌ပြည်သူ့ဆေးရုံ၌ ယနေ့နံနက် ၉ နာရီက ဆောင်ရွက်သည်။

သင်္ဃန်းကျွန်းခရိုင်တွင် အခြေခံစာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၅) ဒုတိယနေ့ဆက်လက်သင်ကြား

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အခြေခံစာကြည့်ပညာသင်တန်း (၁/၂၀၂၅) အား ယနေ့နံက်ပိုင်းက ဆက်လက်ဖွင့်လှစ်သင်ကြားခဲ့သည်။

သုံးခွမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှပြုလုပ်သော After Lunch Tooth Brushing Activity အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်သော After Lunch Tooth Brushing Activity အခမ်းအနားကို အမှတ် (၉) ရပ်ကွက်၊ အောင်ဇေယျလမ်းမကြီးရှိ အ.ထ.က(မြို့မ) ကျောင်းတွင် နိုဝင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနန္ဒဝင်းနှင့် အဖွဲ့ (သန်လျင်) မြို့နယ် ပုဂ္ဂလိကပိုင် ဆေးရုံများအား စစ်ဆေး

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဆရာကြီး ဒေါက်တာနန္ဒဝင်းဦးဆောင်၍ ညွှန်ကြားရေးမှူး ဒေါက်တာရန်နောင်ထွန်း၊ ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာချောနန္ဒီ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသီရိရွှေစင်၊ သန်လျင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်တီဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက သန်လျင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကဆေးရုံများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရပ်ကွက်ကော်မရှင်အဖွဲ့ဝင်များလုပ်ငန်း လမ်းညွှန်သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် ရပ်ကွက်ကော်မရှင်အဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမတွင် ပြုလုပ်သည်။

ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာနတွင် ရသစုံလင်စာဥယျာဉ် စာအုပ်မိတ်ဆက်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထု‌အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာမောင်သွေးသစ်၊ စာရေးဆရာဟိန်းလတ်၊ စာရေးဆရာအောင်သျှန်ဝိုင်း(ကျိုက်မရော)၊ စာရေးဆရာဆောင်းဝင်းလတ်၊ စာရေးဆရာနေခြည်နု(ရေနံချောင်း)၊ ကောင်းကျော်(စီးပွားရေးတက္ကသိုလ်) ရေးသားထားသော ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်များနှင့် ကာတွန်းဝင်းအောင်နှင့်ကိုရွှေထူး(ပြည်) တို့ရေးဆွဲထားသောကာတွန်းများ ပါဝင်သော ရသစုံလင် စာဥယျာဉ် စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံ‌တေးမြို့နယ်၊ ဘုရားကြီးစံပြကျေးရွာ အ.ထ.က (ဘုရားကြီး)ကျောင်းတွင် “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ  အသိပညာပေးဟောပြောပွဲ”ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က (ဘုရားကြီး)ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး