မန္တလေးတိုင်းဒေသကြီး

မိတ္ထီလာမြို့နယ်၌ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထူအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် ကူမဲမြို့၌ “ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့၌ ရွေးကောက်ပွဲ အပိုင်း (၃) တွင် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတိုင်း ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်များကို ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီက ကူမဲမြို့၊ အမှတ် (၅) ရပ်ကွက်၊ မြို့အဝင်ဆိုင်းဘုတ်အနီး ရန်ကုန်-မန္တလေးကားလမ်း၊ အမှတ် (၁) ရပ်ကွက် ကူမဲဈေးဝင်ပေါက်နှင့် တောက်ပရစ် ဘုရားလမ်းတို့တွင် ဖြန့်ဝေ‌ပေးခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဆွေးနွေးပွဲသင်တန်းပို့ချနေမှုများအား ကြည့်ရှု

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်၊ တိုင်း‌ဒေသကြီးပညာ‌ရေးမှူးနှင့်တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့ပေါ်တွင် ပြုလုပ်လျက်ရှိသော ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးညှိနှိုင်းဆွေးနွေးပွဲသင်တန်းပို့ချနေမှုများကို ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ (၁) နာရီက လှည့်လည်ကြည့်ရှုအားပေးသည်။

ငါန်းဇွန်မြို့၌ မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်အား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ယနေ့နံနက် ၉ နာရီက မဲရုံများနှင့် မဲရုံဝန်းကျင်အား မီးဘေးကြိုတင် ကာကွယ်ရေးစစ်ဆေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဉက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ခိုင်ဇာလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှုး ဦးကျော်ဇင်သန့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မဲရုံများနှင့်မဲရုံပတ်ဝန်းကျင်အား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပြုခြင်းနှင့် မီးသတိမူရေး ဆော်ဩခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ်၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အတွက် ကြိုတင်ဆန္ဒမဲပေး

၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်တွင် တောင်သာမြို့နယ်၌ ကျင်းပမည်ဖြစ်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီ ၁၅ ရက်မှ စတင် ဆောင်ရွက်သည်။

တောင်သာမြို့နယ်၌ မဲရုံပတ်ဝန်းကျင် မီးဘေးလုံခြုံစေရေး စစ်ဆေး

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့၌ မဲရုံပတ်ဝန်းကျင်နေအိမ်များ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှစ၍ ကွင်းဆင်းစစ်ဆေးသည်။

တောင်သာမြို့ အနောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး

တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီက အနောက်ရပ် အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီးအဆင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး  ဆွေးနွေး

မန္တလေးတိုင်းဒေသကြီးအဆင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ညှိနှိုင်းဆွေးနွေးပွဲသင်တန်းကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ယနေ့နံနက်ပိုင်းမှစတင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ တက်ရောက်အားပေးသည်။

ပြင်ဦးလွင်မြို့နယ် ဒိုးကွင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံ‌သော  လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍  မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင်  စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်းက ဒိုးကွင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင်  ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် မြစ်သားမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေး ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ဝေယံဘုံမြင့်ဓမ္မာရုံတွင် ဇန်နဝါရီ ၁၉ ရက် နံနက် ၇ နာရီက ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ မြစ်သားမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မဲရုံမှူး၊ မဲစာရင်းစစ်ဆေးသူ၊ မဲပေးစက်ထိန်းချုပ်ကိုင်တွယ်သူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး