မန္တလေးတိုင်းဒေသကြီး

မန္တလေးမြို့ ရတနာပုံဥယျာဉ်တွင် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလ(စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်(၆)နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ (၆၆)လမ်း၊ (၁၉)လမ်း(နန်းမြို့) ဦထိပ်တံတားတွင် ကျင်းပပြုလုပ်သည်။

မြင်းခြံမြို့၌ ကြိုတင်ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်စစ်ဆေး ရေတွက်ခြင်း ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ကြိုတင်ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်စစ်ဆေး ရေတွက်ခြင်းကို ယမန်နေ့ညနေ ၄ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး ညောင်ဦးမြို့နယ်အတွင်း မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး အခြေခံပညာကျောင်းများ၊ ရပ်ကွက်ကျေးရွာဓမ္မာရုံများတွင် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အ‌ခြေအနေများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ လယ်ရိတ်သိမ်းပြီး သီးထပ်စိုက်ပျိုးရန်ပြင်ဆင်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မိုးစပါးများ ရိတ်သိမ်းလျက်ရှိရာ ရိတ်သိမ်းပြီးလယ်မြေများ သီးထပ်စိုက်ပျိုးကြရန် ပြင်ဆင်နေကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေး

၂ဝ၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးသည်။

မြစ်သားမြို့နယ်တွင် ဆောင်းသီနှံဖြစ်သည့် ကုလားပဲများ စိုက်ပျိုးအောင်မြင်လျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းသီးနှံဖြစ်သောကုလားပဲ  စိုက်ပျိုး‌အောင်မြင်လျက်ရှိ‌ကြောင်းသိရသည်။

ရွှေဘိုမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ မဲရုံများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၂၈ ရက်နေ့တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ရာ ပြည်သူများဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက် ထားရှိသော ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံများအားယနေ့နေ့လယ်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကျောက်ဆည်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက်များနှင့် ဆက်စပ်ပစ္စည်းများ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက်၊ မြို့တော်ခန်းမ၌ ယနေ့နက် (၈) နာရီက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်သွားမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက်များနှင့် ဆက်စပ်ပစ္စည်းများ ဖြန့်ဝေခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော် အနောက်ရပ်ကွက်၌ မဲပေးစက်သရုပ်ပြပွဲ အခမ်းအနားကျင်းပ

‎‎မဟာအောင်မြေမြို့နယ်၊ သံလျှက်‌မှော် အနောက်ရပ်ကွက်၊ လိုရာပြည့်စုံရန်မျိုးလုံ ပေါ်တော်မူဘုရား (၅) ဆူဝန်းအတွင်း၌ မဲပေးစက်သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ပုသိမ်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်တွင်းရှိသန္ဓေ၊ အရန်တပ်ဖွဲ့ဝင်များဖြင့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့နံနက် ၈ နာရီက မြို့နယ်မီးသတ်စခန်းရှိကွင်း၌ ကျင်းပခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး