မန္တလေးတိုင်းဒေသကြီး

ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေနယ်မြေသို့ ပြည်တွင်းခရီးသွားဧည့် နှစ်သိန်းကျော်ဝင်ရောက်

ဒီဇင်ဘာခရစ္စမတ်ရုံးပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းအထင်ကဝင်ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများသို့ ပြည်တွင်းဘုရားဖူးဧည့်သည်များ အလွန်များပြားစွာ လာရောက်လျက်ရှိပြီး ဒီဇင်ဘာခရစ္စမတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များအတွင်း ခရီးသွားဘုရားဖူး နှစ်သိန်းကျော်ဝဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) တာဝန်ရှိသူများထံက သိရသည်။

မြစ်သားမြို့နယ်ကင်းစိန်စျေးကျေးရွာအုပ်စု၌ ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကင်းစိန်စျေးကျေးရွာအုပ်စု ကွင်းအမှတ် (၄၈၇)ကွင်း၌ ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်း ရရှိနေကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်၌ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်ထုတ်ပေးခြင်း အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်း အနားကို ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က တပ်မတော်ချည်မျှည်နှင့် အထည်စက်ရုံ(မိတ္ထီလာ) အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

မြင်းခြံတက္ကသိုလ်၌ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံတက္ကသိုလ်၌ အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာ ၂၄ ရက်က မြင်းခြံတက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်၌ မဲဆန္ဒနယ်မြေအတွင်းရှိသော်လည်း မဲရုံသို့မလာရောက်နိုင်သည့် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲများပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မဲဆန္ဒနယ်မြေအတွင်းရှိသော်လည်း မဲရုံသို့မလာရောက်နိုင်သည့် မဲဆန္ဒရှင်းများသည် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်ထားသည့် ဆန္ဒမဲရုံများသို့  ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်မဲများပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် မဲရုံများ၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးသတ်ဝတ်စုံများ ထောက်ပံ့

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲရုံများတွင် မီးဘေးလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ယမန်နေ့ မွန်းလွဲ ၂ နာရီက မီးသတ်ဝတ်စုံများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ 

မြင်းခြံတက္ကသိုလ်၌ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံတက္ကသိုလ်၌ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီက မြင်းခြံတက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်၌ မဲဆန္ဒနယ်မြေအတွင်းရှိသော်လည်း မဲရုံသို့မလာရောက်နိုင်သည့် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲများပေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မဲဆန္ဒနယ်မြေအတွင်းရှိသော်လည်း မဲရုံသို့မလာရောက်နိုင်သည့် မဲဆန္ဒရှင်းများသည် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်ထားသည့် ဆန္ဒမဲရုံများသို့  ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်မဲများပေးလျက်ရှိကြောင်း သိရသည်။  

စဉ့်ကိုင်မြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့နှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  (၇၈)နှစ်မြောက် လွတ်လပ်ရေး‌နေ့အထိမ်းအမှတ် အသိပညာပေး‌ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

တတိယအကြိမ် မဲစာရင်းများထုတ်ပြန်ကြေညာထားရှိမှုများအား လိုက်လံကြည့်ရှု

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် ဆန္ဒမဲပေးကြမည့်ပြည်သူများအနေဖြင့် နိုင်ငံသား အခွင့်အရေးမဆုံးရှုံးစေရန် အမရပူရမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၌ တတိယအကြိမ် မဲစာရင်းများထုတ်ပြန်ကြေငြာမှူများအား ယနေ့နံနက် ၁၀ နာရီအချိန်က အမရပူရခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့်အဖွဲ့ဝင်များက လိုက်လံ ကြည့်ရှုခဲ့ကြသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး