ကျောက်ပန်းတောင်းမြို့၌ ဒုတိယအကြိမ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်တောင်းမြို့နယ်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ချစ်ကြည်စည်းလုံးညီညွတ်မှုရှိစေရေးနှင့် မြန်မာရိုးရာ ယဉ်ကျေးမှုကို မပျောက်ပျက်အောင် တန်ဖိုးထား ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက ဦးစီးကျင်းပသည့်၊ ဒုတိယအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို၊ ဇန်နဝါရီ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က စံပြရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းဝန်းတွင် ပြုလုပ်ခဲ့သည်။