Skip to main content

Tourism ဖွံ့ဖြိုးမှုအတွက် အရေးပါသော DMO

ယမန်နေ့မှအဆက်

အကွက်စေ့သော ခရီးစဉ်ဒေသ စီမံခန့်ခွဲရေး ဆောင်ရွက်ရန် အင်္ဂါရပ်သည် အဓိက ပါဝင်သင့်သော (6 As) စဉ်းစား ပြင်ဆင်ဖွဲ့စည်းထားရမည်ဟု စာအုပ် စာစောင်များက ဆိုပါသည်။ 6 As ဆို သည်မှာ

1. Attractions – 8026300 ဆွဲဆောင်မှုရှိခြင်း၊

2. Accessibility - ဝင်ထွက်သွားလာရ လွယ်ကူအဆင်ပြေခြင်း၊

3. Amenities - စိတ်သက်သာအဆင်ပြေမှု

4. Activities - ထုတ်ကုန်ဆန်သော ပွဲလမ်းဖျော်ဖြေသူများ

5. Ancillary Services - အကူအပံ့

6. Available Packages - တစ်စုတစ်စည်းတည်း ခံစား

(Source: Google, Internet)

အထက်ပါ လိုအပ်ချက်(၆)ချက်ကို တစ်လုံးချင်းမြန်မာဘာသာပြန်ဆိုရေးသားရန် မခက်ခဲသော် လည်း ခရီးသွားဧည့်သည်နှင့် ကိုက်ညီသော စကားပြန်ဆိုရန်မှာ ထိရောက်မှုမရှိနိုင်ဟု ထင်သည်။ နိုင်ငံတကာသုံး ဘာသာရပ်နှင့် နိုင်ငံ တကာ Tourismကို ရည်မှန်းဆောင်ရွက် သည်ဖြစ်ရာ အများနားလည် ခံစားရသော စကားလုံးကသာ ထိရောက်နိုင် လိမ့်မည်ထင်သည်။ (မော်တော်ကားကို ကားဟု ဆိုသည်နှင့် လူတို့ ပိုမိုနားလည် လွယ်သကဲ့သို့ပင် ဖြစ်ပါသည်။)

အကယ်၍ အကောင်အထည်ဖော်မှုများဟုဆိုရမည့် Action Plans များ စတင်မည်ဆိုပါက နည်းလမ်းရွေးချယ်ရပါတော့မည်။ ဥပမာ-မြန်မာနိုင်ငံတွင် ဆိုပါစို့ မည်သည့်ဒေသများကို မြို့များကို ခရီးစဉ်ဒေသ လုပ်သင့်သနည်း - မျှော်မှန်းသင့်သနည်းကို ရွေးချယ်ရမည်သာ ဖြစ်သည်။ အဓိကသည် Attractions ခေါ် ခရီးသွားဧည့်သည် ဆွဲဆောင်မှုများ အနှစ်သာရအားဖြင့် သဘာဝပတ်ဝန်း ကျင်အခြေအနေ သာယာလှပစွာ ပကတိအတိုင်း ထိန်းသိမ်းနိုင်မှုများ၊ ဘာသာရေး၊ ပညာရေး အပါအဝင် ဒေသနေလူတို့၏ ယဉ်ကျေးမှု အမွေ အနှစ်များတည်ရှိ ထိန်းသိမ်းနိုင်မှုများသည် အဓိကအရေးပါလှသည်။ ထို့နောက်မှ ထိုနေရာသို့ သွားရောက်ရန်၊ ရောက်ရှိရန် လွယ်ကူစေသော အရည်အသွေးရှိမှုနှင့် အခြေခံ အဆောက်အအုံ များ (Infrastructures) ပြည့်စုံမှုကိုလည်း ရွေးချယ်ရမည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုတွင် ခရီးစဉ်ဒေသကောင်းတစ်ခု အရည်အသွေးဖြင့် အနည်းဆုံးသုံးခုမှ ငါးခုလောက်အထိရှိပြီး အစိုးရက ကြီးကြပ်ပေးသင့်သည်။ ကျိုက်ထီးရိုး၊ ရွှေစက်တော် စသောဘုရားဖူးခရီးစဉ်တွင် ဂေါပကအဖွဲ့ စီမံခန့်ခွဲမှုကိုသာ လွှဲအပ်ထားရန် မသင့်ပါပေ။ အစိုးရတောင်ထိန်း ကြောင်း တည့်မတ်ပေးသင့်လေသည်။

မည်သို့ ဆောင်ရွက်မည်ဆိုသော် DMO ဖွဲ့စည်းခြင်း၊ Tourism သဘော တရားနှင့် သဘာဝကို DMO အဖွဲ့အား အသိပေးသတိပေး၍ ဘာသာရပ်ဆိုင်ရာ ပညာ ဖြည့်တင်းခြင်းအစတွင် စဉ်ဆက် မပြတ် ကြီးကြပ်ခြင်း၊ ငွေကြေး၊ လူအင်အား၊ စီမံခန့်ခွဲမှုအင်အား၊ နည်းပညာ အင်အား တပ်ဆင် ပေးခြင်း ပြည်တွင်းခရီးသွားများ(Internal Tourists) အတွက် စတင်ဖွင့်လှစ်ပြီး နာမည်ပွင့်စေ ခြင်းဖြစ်သင့်သည်။ Branding ဟု ခေါ်ရ မည်ထင်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးသွား လုပ်ငန်း အုပ်ချုပ်ရေးအဖွဲ့ CNTA သည် ပြည်တွင်းခရီးသွားများ လည်ပတ်ရန် မြှင့်တင်ခြင်းဖြင့် စခဲ့သည်။ အဆင့်ဆင့် ခိုင်မာသော ဈေးကွက်နည်း ဗျူဟာဖြစ်သည်။

တာဝန်ခံခေါင်းဆောင် အပ်နှင်းသည့်အခါ ပုဂ္ဂလိက Stakeholder ဦးဆောင်မှုထက် အစိုးရ အာဏာပိုင်သာ ဖြစ်သင့်သည်။ ပြည်သူ့ဘဏ္ဍာ (Budget) စီမံခန့်ခွဲမှုနှင့် တာဝန်ခံမှုစနစ်သည် အစိုးရအဖွဲ့၌သာ ရှိသည်။ အချင်းချင်း အပြန်အလှန် ဆက်ဆံနည်းပညာနှင့် အခက်အခဲ ဖြေရှင်းခြင်းများအတွက် ကွန်ရက် Net working တွင်လည်း အစိုးရအဖွဲ့ အချင်းချင်းက ထိရောက် သည်။ အဖွဲ့တွင် ပါဝင်စေသင့်သူများတွင် ဂုဏ်အရ “နာယက” များ ပါရှိနေခြင်း သည်လည်း အကောင်အထည်ဖော်မှုကို တုံ့နှေးစေသည်။ Operation Management ကို ဒေသ အုပ်ချုပ်ရေး တာဝန်ခံကပင် ဆောင်ရွက်သင့်သည်။ စီမံခန့်ခွဲမှုနှင့် မဆိုင်သော ဥပဒေပြု အဖွဲ့ဝင်များက ရွေးချယ်သည်ဆိုသော ပြည်သူ့ကိုယ်စားလှယ်များ အတွေ့အကြုံရှိသော်လည်း အသိပညာ မအပ်စပ်သောဒေသ ဟိုတယ်လုပ်ငန်းရှင်များကို ထည့်သွင်းဦးဆောင်စေခြင်း မပြုသင့်ဟု စာရေးသူကထင်မြင် ပါသည်။ အလားတူပင် ဆက်စပ်ဌာန ဆိုင်ရာများ၏ ပူးပေါင်း ပါဝင်ရန် လိုအပ်သည်ဟု ယူဆလျက် အဖွဲ့ဝင်များစွာ ထည့်သွင်းခြင်းသည်လည်း မထိရောက်ဘဲ အချိန်ကုန်လှသည်။

သက်ဆိုင်ရာ တိုင်းဒေသကြီး အုပ်ချုပ်ရေးအဖွဲ့၊ ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့တို့သည် ခရီးစဉ် ဒေသ စီမံခန့်ခွဲရေးဆိုင်ရာ အခြေခံအညွှန်း သဘောတရားများ (Destination Management Principals) ကို ကျောရိုးအဖြစ်ထား၍ ဆင့်ကဲအဖွဲ့ဝင်များ၊ တာဝန်ခံမှုများဖြင့် စီမံသွားလျှင် ခိုင်မာတည်တံ့သော ခရီးစဉ်ဒေသအဖြစ် အကျိုးသက်ရောက်မှု ရှိမည်ဟု မြင်သည်။ Principle တွင် အဓိကအားဖြင့် Ten Ps-principles ဟု ဖော်ထုတ်ထားကြရာ အောက်ပါအတိုင်း (အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြအပ်ပါသည်။ (Figure လည်း ဖော်ပြပါသည်)

Ten Ps Principals for Destination Management -

1. Partnership

2. Potential

3. Plan

4. Place

5. Product

6. People

7. Prestige

8. Profile

9. Promotion

10. Performance ဟူ၍ ဖော်ပြအပ်ပါသည်။

နိဂုံး

ထောက်ခံချက်များ

ယနေ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားသော လုပ်ငန်း စဉ် မဟာဗျူဟာ၊ နည်းဗျူဟာများထဲမှ အောက်ပါတွေ့ရှိ ချက်များကို ဆက်လက်မြှင့်တင် လုပ်ဆောင်သင့်ပါကြောင်း Recommend လုပ်ပါသည်

- အမျိုးသား ခရီးသွားလုပ်ငန်းမဟာဗျူဟာအဖြစ် ဖွံ့ဖြိုးတိုး အခြေခံ Development Based ကို ထောက်ခံပါသည်။ သို့သော် ရေရှည်တည်တံ့ရေးအတွက် Sustainable Tourism Strategy ကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနနှစ်ခုက ပူးတွဲဦးဆောင်သင့်သည်။

− ပြည်တွင်းခရီးသွားများ လည်ပတ်မှု (Internal Tourism) မြှင့်တင်အားပေးခြင်းကို ထောက်ခံ ပါသည်။ သို့သော် Guided Principles များ ရေးသား ချမှတ်ထားအပ်ပါသည်။

- နိုင်ငံတကာ Tourist Market ရွေးချယ်မှုအတွက် တစ်ခုတည်း နိုင်ငံသား Tourists များကို မျှော်မှန်းပြင်ဆင်သော နည်းဗျူဟာကို ထောက်ခံပါသည်။ သမားရိုးကျ Tourism အပြင် Sustainable Strategy ဖြစ်သော CBT, Ecotourism, Responsible Tourism, Specific Zone Natured Base - Tourism များကို အားပေးသင့်သည်။ (ယခု ထင်မြင်မိသည်မှာ CBT: Community Based Tourism ထက် Community Oriented Hospitality ဖြစ်နေသည်ဟု ထင်မြင်မိသည်။)

ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုနှင့် ခရီးသွား စီးပွားဈေးကွက် တည်ဆောက်နိုင်သည့်အဖွဲ့ ဖွဲ့စည်းရန်၊

− မဟာဗျူဟာကျကျ အနာဂတ် အကျိုးစီးပွားကို မျှော်မှန်းထားသော ခိုင်မာပြည့်စုံသည့် ရေရှည် တည်တံ့သော ခရီးစဉ်ဒေသ စီမံခန့်ခွဲမှု စီမံချက်ရေးဆွဲ အကောင်အထည်ဖော်သွားရန်။

အချုပ် အားဖြင့် တင်ပြရပါသော် -

 မည်သူမဆို ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်မှု အကောင်အထည် ဖော်ရန်တာဝန်ရှိလာပါလျှင် DMO, Destination Management Organization ခေါ် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ကို ခိုင်မာအားကောင်းစွာ ဖွဲ့စည်း၍ ရေရှည်အကျိုး သက်ရောက်မှုရှိစေမည့် ဒေသဆိုင်ရာ ခရီးစဉ် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲရေး လုပ်ငန်းစီမံချက် (Strategic Destination Management Plan) တစ်ခုကို Policy မူဝါဒ Principle အညွှန်း သဘောတရား၊ Procedure အဆင့်ဆင့် လုပ်ငန်းစနစ်၊ Practice ခိုင်မာမှုနှင့်အညီ စူးစမ်းဖော်ထုတ် တာဝန်ခံ၍ ဆောင်ရွက် သင့်ပါကြောင်း အကြံပြုအပ်ပါသည်။

ခရီးသွားလုပ်ငန်းဖြင့် တိုင်းပြည်၏ လူမှုစီးပွားဖွံ့ဖြိုးရေးသို့ မျှော်မှန်းနိုင်သော ခံယူချက် (Concept) ယုံကြည်ချက် (Confidence) များ ကိုယ်တွင်း၌ အသိ၌ တည်ဆောက်လျက် အစိုးရ ၏ မှန်ကန်ဖြောင့်မတ်သော ခရီးသွားလုပ်ငန်း မဟာဗျူဟာတွင် ဆင့်ကဲအစိုးရ အုပ်ချုပ်ရေး အဖွဲ့များ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များ၊ ဒေသအသီးသီးနေ ပြည်သူများသည် “သဘောတရား ရှေ့ဆောင် မီးရှူးရောင်ဖြင့် ရွှေရောင်ခရီးသွားအလင်းကို ဖော်ဆောင်သင့်ပါ ကြောင်း တင်ပြလိုက် ရပါသည်။

ဗိုလ်အေးမြင့်ကြူ

Ref:

1. The Travel Industry. Chuck