Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သတင်းထုတ်ပြန်ချက်

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်

၁။           ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ပြန်လည်စိစစ်လျက်ရှိပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၈ (က) အရ နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိသည်။ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း () ပုဒ်မ အရ အောက်ပါ အရည်အချင်း နှင့်ပြည့်စုံသူများသည် အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာ မရွေး ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်-

(က) ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့် ရသူ၊

()          သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်းတွင်ပါဝင်သူ။

၂။          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ရက်နေ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် (ရွေးကောက်ပွဲကျင်းပခြင်းမပြု လုပ် နိုင်သည့်ဒေသများမှအပ) ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၈,၂၇၁,၄၄၇ ဦးရှိကြောင်း ယခင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သော်လည်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၏  ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင်ရှိသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနက် နိုင်ငံသား၊ ဧည့်နိုင်ငံသား နှင့် နိုင်ငံသားပြုခွင့်ရသူ စာရင်းမှာ ၃၂,၂၁၁,၁၈၈ ဦး ဖြစ်ကြောင်း တွေ့ရှိရပါသည်။

၃။           ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရက်နေ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲစာရင်းများ၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဝန်ကြီး ဌာနမှရရှိသည့် လူဦးရေစာရင်းများ၊ မြေပြင် အခြေနေများနှင့် တိုက်ဆိုင်၍ မဲစာရင်းကွာဟမှုများကို စိစစ်လျက်ရှိသည်။ စိစစ်ပြီး သည့် နယ်မြေဒေသများ၏ စိစစ်တွေ့ရှိချက်များကို ဆက်လက်ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန် အပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်