၁။နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့၊ ရန်ကုန်-ပဲခူးလမ်းမကြီး၊ အမှတ် (၈၃) တွင် ပါတီရုံးချုပ်တည်ရှိသော မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) သည် ယင်းပါတီ၏အလံနှင့် တံဆိပ်တို့ကိုဖော်ပြပါအတိုင်းပြောင်းလဲ အသုံးပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြလာပါသည်။
၂။သို့ဖြစ်ပါ၍ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) က ပြောင်းလဲအသုံးပြုမည့် ဖော်ပြပါ ပါတီအလံနှင့် တံဆိပ်တို့ကိုကန့်ကွက်လိုက ယခုကြေညာသည့်နေ့မှစ၍ (၇) ရက်အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ကန့်ကွက်နိုင်ပါကြောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ၁၄ (ဃ) အရ အများသိစေရန်ကြေညာအပ်ပါသည်။