Skip to main content

တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာန

ပြည်တွင်း/ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ

တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ(ရန်ကုန်) စတူဒီယို(၂)နှင့်(၃)မျက်နှာစာသို့ သွားသောလမ်းအား ကွန်ကရစ်လမ်းခင်းခြင်း (အကျယ် ၁၆'၊ အရှည် ၃၈၀'၊  ၆" ထု)နှင့် (အကျယ် ၅၄'၊ အရှည် ၅၆'၊ ၆" ထု) လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် (၂၆-၆-၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၃/ ၂၀၂၃)၏ သဘောတူညီချက်အရ တော်ဝင်မေတ္တာကုမ္ပဏီလီမိတက်က ငွေကျပ် ၃၂,၀၀၀,၀၀၀/- ဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန

ပြည်တွင်း/ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ