ပြန်ကြားရေးဝန်ကြီးဌာန
ပြည်တွင်း/ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ
တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ(ရန်ကုန်) အနုပညာရပ်ဝန်းအတွင်းရှိ ရုပ်ရှင်ပြခန်းမ စတူဒီယို(၂)၊ (၃)နှင့် ဝန်ထမ်းအိမ်ရာများ အသုံးပြုလျက် ရှိသည့် သက်တမ်းကြာမြင့်သော လျှပ်စစ်မီးလိုင်း(Overhead)ကြိုးများ လဲလှယ်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် (၂၆-၆-၂၀၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ်(၁၃/ ၂၀၂၃)၏ သဘောတူညီချက်အရ Primate Construction and Decoration Co.,Ltd က ငွေကျပ် ၂၇,၀၀၀,၀၀၀/- ဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန
ပြည်တွင်း/ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ