၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်၊ မြန်မာ့ရေပိုင်နက် မျဉ်း၏အပြင်ဘက် သီးသန့်စီးပွားရေးဇုန်အတွင်း နိုင်ငံခြားငါးဖမ်း ရေယာဉ်များအား ကျူနာငါးမျှားတန်းစနစ်ဖြင့် ငါးဖမ်းဆီးခြင်းကို မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများ၏တာဝန်ယူမှုဖြင့် သတ်မှတ်ထားသော ကျူနာငါးမျှားတန်းစနစ်ဖြင့် ငါးဖမ်းဆီးခွင့်ပြုခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်စာချုပ်နှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
၂။ နိုင်ငံခြားကျူနာငါးမျှားတန်း ငါးဖမ်းရေယာဉ်များဖြင့် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လိုသော နိုင်ငံသားပိုင်ကုမ္ပဏီများအနေဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့်အဆိုပြုလွှာများကို (၂၈-၉-၂၀၂၃)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါကြောင်း ဖိတ်ခေါ်ကြေညာအပ်ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ငါးလုပ်ငန်းဦးစီးဌာန
ရုံးအမှတ်(၃၆)၊ ပဏ္ဏိတလမ်း၊ နေပြည်တော်
ဖုန်း၊ ၀၆၇-၄၁၈၅၃၀၊ ၀၆၇-၄၀၈၄၇၇