၁။ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁) MICC-1 တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ တက်ရောက်မည့် သတင်းမီဒီယာသမားဦးရေနှင့် အခမ်းအနားကျင်းပမည့် နေရာကန့်သတ်ချက်ပေါ်မူတည်၍ A Zone ၊ B Zone ခွဲခြားသတ်မှတ်ကာ သတင်းရယူစေမည်ဖြစ်ပါသည်။ သို့ပါ၍ အခမ်းအနားတက်ရောက် သတင်းရယူလိုသော လုပ်ငန်း အသိအမှတ်ပြုလက်မှတ်ရယူထားသည့် မီဒီယာများအနေဖြင့် သတင်းမီဒီယာဌာနတစ်ခုလျှင် သတင်းမီဒီယာသမား နှစ်ဦးနှုန်းဖြင့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ရာထူးတာဝန်၊ သတင်းဌာန စသည့်သတ်မှတ်လျှောက်လွှာပုံစံပါ အချက်အလက်များကို ဖြည့်စွက်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲ (နေပြည်တော်)၊ ၀၆၇-၃၄၁၂၁၄၃၊ iprd.crd.npt@gmail.com၊ (ရန်ကုန်)၀၁-၅၄၄၅၈၂၊ ၀၁-၅၄၄၅၈၃၊ iprd.crd.ygn@gmail.com သို့ ၂၇-၁-၂၀၂၄ ရက်နေ့အရောက် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန