Skip to main content

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်၍ အလှူငွေများလက်ခံ

ရန်ကုန် ဇန်နဝါရီ ၂၆

ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန်အတွက် ရန်ပုံငွေပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက တိုင်းဒေကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဆက်လက်၍ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးအတွက် ရန်ပုံငွေများ ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးနှင့် အစ္စလာမ်ဘာသာဝင်များမှ အလှူငွေ ကျပ် သိန်း (၁၂၀၀၀)၊ ဦးစိုင်းမျိုးဝင်း Excellent Fortune Development Group(EFD Group) မှ ငွေကျပ် သိန်း(၁၀၀၀၀)၊ ဂမုန်းပွင့် မိသားစုမှ အလှူငွေသိန်း (၁၁၁၁)၊ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းက အလှူငွေကျပ် (၃၆၃၁၇၀၀ဝိ/)၊ Ever Investment မိသားစုမှ ငွေကျပ်သိန်း(၃၀၀)၊ ဦးဝင်းစိုး+ဒေါ်စန်းသပြေထွန်း (Nadi Shwe War Company မှ ငွေကျပ်သိန်း (၂၅၀)၊ ဦးဇော်မြင့်+ဒေါ်မိုးသက်ခိုင် (Gammanit Zaya Car Sale Center) မှ ငွေကျပ်သိန်း(၁၅၀)၊ အရှင်ရာဇိန္ဒ-ရဝေနွယ်(အင်းမ)မှ သိန်း(၁၂၀)၊ ဦးဇင်မင်းဌေး+ဒေါ်ချိုချိုမာ မိသားစုသိန်း(၁၁၁)၊ ဦးကျော်ဟိန်း+ ဒေါ်မြတ်မြတ်အေး (Hein Global)မှ သိန်း(၁၀၀)၊ ဦးအုန်းခင်(ခ) ဦးအောင်ခင်အား ရည်စူး၍ ဒေါ်သန်းသန်းဝေ မိသားစုမှ ကျပ်သိန်း(၁၀၀)၊ MM ရောင်နက် ဗလီအုပ်ချုပ်ရေးအဖွဲ့က ငွေကျပ်သိန်း (၁၀၀)၊ ဦးခင်မောင်ထွေး+ဒေါ်စန်းယုမော်မိသားစု ဥက္ကဋ္ဌ ရေနံ့သာ ခင်မောင်ထွေး ဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း(၁၀၀)၊ ဦးအုန်းထွန်း+ဒေါ်စိုးစိုးကြည်မြကန်သာ “အုန်း” မြန်မာထမင်းဆိုင် မိသားစုက ငွေကျပ်သိန်း(၁၀၀)၊ ဦးဖြိုးမောင်မောင်+ဒေါ်ပို့ပို့ကြည် (Myanmar Imperial University MIU) မိသားစု မှ ငွေကျပ်သိန်း(၁၀၀)၊ Ar Yu International Health Case Co,Ltd မှ ငွေကျပ်သိန်း (၁၀၀)၊ လှိုင်မြို့နယ် အမှတ်(၉)ရပ်ကွက်ရှိ လှိုင်စွန္နီဂျာမေဗလီစီမံ အုပ်ချုပ်မှု ကော်မတီမှ သိန်း(၁၀၀)၊ ဒေါက်တာဝင်ထွန်း (အောင်ရတနာဆေးရုံ)မှ ငွေကျပ်သိန်း (၁၀၀)၊ ကွယ်လွန်သူ အဘိုး၊ အဘွားများနှင့် ဖခင်ကြီးဒေါက်တာ ဦးကြည်ပေါ+မိခင်ကြီး ဒေါ်ခင်ဆွေတင့်၊ အဒေါ်ခင်ဆွေစစ်တို့အား ရည်စူး၍ သား ဒေါက်တာမျိုးညွှန့် (ပါရဂူဆေးရုံ)မှ မိခင်ကြီး ကွယ်လွန်ခြင်းအတွက် ငွေကျပ်သိန်း(၁၀၀)၊ ကိုကျားရင် 999 Tiger Motor မိသားစုမှ ငွေကျပ်(၉၉၉၀၀၀ဝိ/)၊ Mr. Suhall Auto Ranch FZE Co.Ltd မှ ငွေကျပ်သိန်း(၅၄)၊ ဦးမျိုးသန့်+ဒေါ်မြင့်မြင့်ရွှေမိသားစု ငွေကျပ်သိန်း(၅၁)၊ ဦးစိန်မြင့်(Europe and Asia Commercial Co Ltd မိသားစုမှ သိန်း(၅၀)၊ Concrete King Concrete Manufacturing Co.Ltd မိသားစုမှ သိန်း(၅၀)၊ ဦးကျော်လွင်ဦး+ဒေါ်သိရိခင်မောင်ထွေး မိသားစု (MD Super Rich Man Company မှ သိန်း(၃၀၊ ဦးဇာနည်ခင်မောင်ထွေး+ဒေါ်ကြာညိုသင်း မိသားစု (MD Anron Enterprise Company) မှ ငွေကျပ် သိန်း (၂၀)၊ ဦးလူမော်ခင်မောင်ထွေး (MD) Water Guard Myanmar Company)မှ ငွေကျပ်သိန်း (၁၀)၊ စုစုပေါင်းငွေကျပ် သန်းပေါင်း နှစ်သောင်းခြောက်ထောင်၊ ငါးသိန်းခုနှစ်ထောင်ကျပ်တိတိကို ပေးအပ် လှူဒါန်းကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက လက်ခံရယူခဲ့ပြီး မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးအတွက် ရန်ပုံငွေပေးအပ်လှူဒါန်းပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)