Skip to main content

မြန်မာနိုင်ငံတွင်  ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံ

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံခြင်း အခမ်းအနားကို လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ သူနာပြုသင်တန်းကျောင်းခန်းမ၌ ယနေ့နံနက် (၈)နာရီ အချိန် က ကျင်းပဆောင်ရွက်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် စံရိပ်ငြိမ် ဂမုန်းပွင့်နှင့် Juntion Square တို့တွင် Stop COVID 19 အဝါရောင် Campaign အခမ်းအနားကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့် ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု ဖြင့် ကမာရွတ်မြို့နယ်အတွင်းရှိ စံရိပ်ငြိမ် ဂမုန်းပွင့်စင်တာနှင့် Junction Square တို့တွင် Stop ကိုဗစ်-၁၉ အဝါရောင် Mask Campaign အသိပညာပေးလှုပ်ရှားမှုကို ယမန်နေ့ ညနေ ၅ နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် “Stop COVID အဝါရောင် Campaign” တွင် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်း ရှင်များအသင်း(ရန်ကုန်ဇုန်)နှင့် ရန်ကုန်မြို့ရှိ ဟိုတယ်များမှ ပူးပေါင်းပါဝင်သည့် အခမ်းအနားကျင်းပ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ WYNDHAM GRAND YANGON HOTEL တွင် ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် “Stop COVID အဝါရောင် Campaign” တွင် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) နှင့် ရန်ကုန်မြို့ရှိ ဟိုတယ်များမှ ပူးပေါင်းပါဝင်သည့် အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသ‌‌ရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရ သည်။

 ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ အာဇာနည်လမ်းရှိ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဓမ္မာရုံ၌ ကျင်းပသည်။

အမျိုးသားပြတိုက် (ရန်ကုန်)သို့ ကိုရီးယား-မြန်မာ-အင်္ဂလိပ်ဘာသာ အသံလမ်းညွှန်စက်အလုံး ၁၀၀ လှူဒါန်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားပြတိုက်(ရန်ကုန်)သို့ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ အသံလမ်းညွှန်စက်အလုံး ၁၀၀ လှူဒါန်းခြင်းကို ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ အဆိုပါ ပြတိုက်တွင် ယမန်နေ့ နံနက်က ကျင်းပခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန် ဘတ် ၉ သိန်း တန်ဖိုးရှိ Surgical  Mask  သုံးသိန်း လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ထံ MYANMAR C.P LIVE STOCK Co. Ltd မှ Surgical Mask ၃၀၀၀၀၀ (သုံးသိန်း) လှူဒါန်းသည့် အခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ တွင် ယနေ့ နံနက်က ကျင်းပသည်။

ဂျာမနီသံရုံးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် We Love Yangon လူထုအခြေပြု ပရဟိတ အသင်းအား အလှူငွေကျပ်(၁၅၄,၁၀၅,၀၀၀) ပေးအပ် လှူဒါန်း

 ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေး လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန်အတွက် ဂျာမနီသံရုံးမှ We Love Yangon လူထုအခြေပြုပရဟိတအသင်းသို့
Subscribe to Yangon