Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်များ မကွေးတိုင်းဒေသကြီးတွင်ရှင်းလင်း

မကွေး ဧပြီ ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏လမ်းညွှန်ချက်များအား ရှင်းလင်းပွဲအခမ်းအနား ကို ဧပြီ၁၂ရက် မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ။

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်က CDM လှုပ်ရှားမှုသည် နိုင်ငံဖျက် သည့် လှုပ်ရှားမှုဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ ဆေးရုံ၊ ကျောင်း၊ လမ်း၊ ရုံးဌာနများ၊ စက်ရုံအလုပ်ရုံများ လည်ပတ်၍ မရအောင် CDM ဆောင်ရွက်မှုသည် တိုင်းပြည်ပျက်စီးအောင် ဆောင်ရွက်ခြင်းသာဖြစ် ကြောင်း၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများကိုလည်း အဓိကထားဆောင်ရွက်ပေးရန်နှင့် အခြေခံ ကျောင်း များအပါအဝင် တက္ကသိုလ်ကျောင်းများကိုလည်း အမြန်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက် လျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် စိုက်ပျိုးရေရရှိရေး၊ လျှပ်စစ်မီးလင်းရေး၊ မြစ်ရေတင် လုပ်ငန်း များအားSolor စနစ်ဖြင့် အောင်မြင်အောင် အကောင်အထည် ဖော် ဆောင်ရွက် မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်း ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက် လာစေရေးအတွက် ခရီးသွားလုပ်ငန်း ကဏ္ဍများ တိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးမင်းဦးနှင့် အဖွဲ့ဝင်များက အမှာစကားပြောကြားပြီး မကွေး တိုင်းဒေသကြီး ခရိုင်ငါးခရိုင်မှ စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌများက မိမိတို့ခရိုင်အတွင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ တင်ပြကာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားသည်။ အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ များ တက်ရောက်ခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)