နေပြည်တော်၊ ဧပြီ - ၁၆
နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွက်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန်လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများအားဖြန့်ဝေခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှုဖြစ်ပေါ်စေရန်နှင့် အများပြည်သူအထိတ်တလန့်ဖြစ်စေရန် အတွက် သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ခြင်း၊ Social Pumishment ပြုလုပ်ခြင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ဖြင့်ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက် လျက်ရှိသည့် အောက်ဖော်ပြပါ အနုပညာရှင်အချို့နှင့် အခြားပါဝင်ပတ်သက်သူများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အထက်ပါပြစ်မှုကျူးလွန်သူများအား လက်ခံထားရှိသူများကိုလည်း အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့် ထိုကဲ့သို့ဆောင်ရွက်နေသူများကိုလည်း ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
နောက်ဆုံးရသတင်းများ
08 Mar, 2026
08 Mar, 2026
08 Mar, 2026
08 Mar, 2026
