Skip to main content

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဂျာမန်လွှတ်တော်မှ အာဆီယံပါလီမန်များ၏ ဥက္ကဋ္ဌ Mrs. Renate Kunast နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၁၈

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ဂျာမန်လွှတ်တော်မှ အာဆီယံပါလီမန်များ၏ဥက္ကဋ္ဌ Mrs. Renate Kunast နှင့်အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးနှင့် ဆက်လက်ကူညီပေးရေး၊ ဥပဒေပြုရေးဆိုင်ရာကိစ္စနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအပြင် လာမည့် ရွေးကောက်ပွဲတွင် အမျိုးသမီးများပိုမိုပါဝင်နိုင်ရေး တို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း၊ အဖွဲ့ဝင်ဒေါက်တာဦးကြွယ်ကြွယ်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)