နေပြည်တော် ဖေဖော်ဝါရီ ၁၉
အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များလုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင် အမှတ်(I-20) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက အဖွင့်အမှာစကားပြော ကြားပြီး ဒုတိယအကြိမ်၊ အမျိုးသားလွှတ်တော်၊ (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သည့် အဆို၊ မေးမြန်းခဲ့သည့် မေးခွန်းများအနက် အတည်ပြုခဲ့သည့် အဆို၊ ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းနှင့်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများအား ကော်မတီအဖွဲ့ဝင်များက မေးမြန်းဆွေးနွေး၍ အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အစည်းအဝေးသို့ ကော်မတီ အတွင်းရေးမှူး ဦးကျော်နီနိုင်၊ ကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း၊ ဝန်ကြီး ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အမျိုးသား လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)