နေပြည်တော် ဖေဖော်ဝါရီ ၂၁
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် Bower Group Asia (Myanmar) ၏ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်တင်မေသိန်း (Judy Ko) နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လွှတ်တော်ကိုယ်စားလှယ်များအတွက် လွှတ်တော်လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူအဆင်ပြေနိုင်စေရန် နည်းပညာကဏ္ဍအသုံးချနိုင်မှုစွမ်းရည်မြှင့်တင်နိုင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများ ဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)