Skip to main content

ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ရန်ကုန်တိုင်းဒေသကြီးတို့၌ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ နှစ်ပတ်လည်အစည်းအဝေးများ ကျင်းပ

နေပြည်တော် ဧပြီ ၂၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ အမှတ်(၄) ရပ်ကွက်ရှိ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးရုံးခန်းမ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်များမှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့နာယက တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး နှစ်ပတ်လည်အစည်းအဝေးကို အစီအစဉ်အတိုင်း ဆက်လက် ကျင်းပကြသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ နှစ်ပတ်လည်အစည်းအဝေးကို ရန်ကုန်တိုင်း စစ်ဌာနချုပ် အနော်ရထာခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်းနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးစစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့နာယက တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့သို့ ချီးမြှင့်ငွေနှင့် ဆန်အိတ်များကိုလည်းကောင်း၊ တိုင်းမှူးက စားသောက်ဖွယ်ရာများကို လည်းကောင်း ပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်