Skip to main content

Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

နေပြည်တော်  ဖေဖော်ဝါရီ  ၂၂

၁။      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။       တိုင်းဒေသကြီး/ ပြည်နယ်များတွင် (၂၁-၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၂-၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအချိန်အထိ Coronavirus Disease 2019 (COVID-19) ရောဂါနှင့် ပတ်သက်၍ စောင့်ကြည့် လူနာအဖြစ် သတ်မှတ်ကုသသည့် လူနာသစ်မရှိပါ။

၃။      ယနေ့ (၂၂-၂-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ရည်ညွှန်းဓာတ်ခွဲခန်းမှ ပြန်ကြားချက်အရ မကွေးတိုင်းဒေသကြီးပြည်သူ့ဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုကုသမှုခံယူလျက်ရှိသော စောင့်ကြည့် လူနာ (၁) ဦး၏ဓာတ်ခွဲအဖြေတွင် Coronavirus Disease 2019 (COVID-19) ရောဂါပိုးမရှိပါ ကြောင်း (မရှိကြောင်း) ကို သိရှိရပါသည်။

၄။      (၂၂-၂-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀) နာရီအချိန်အထိ ဆေးရုံဆင်းခွင့် သတ်မှတ်ချက်များအရ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဆေးရုံများတွင် COVID-19 ရောဂါပိုး မတွေ့ရှိရသော်လည်း (၄၈) နာရီစောင့်ကြပ်ကြည့် ရှုရမည့် စောင့်ကြည့်လူနာ (၈) ဦးရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေ အနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

Ref; Ministry of Health and Sports, Myanmar