ငရုတ်ကောင်း ဖေဖော်ဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ကြွေချိုင်၊ နံ့သာပု၊ ဂေါ်ရန်ဂျီဒေသအား ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တို့သည် ယမန်နေ့က ဂေါ်ရန်ဂျီကျွန်းသို့ သွားရောက်ကြည့်ရှုခဲ့ကြသည်။
ထို့နောက် ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများသည် ကြွေချိုင်ကျေးရွာ (Top Mother Hotel) ၌ ဟိုတယ်/တည်းခိုခန်း လုပ်ငန်းပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငရုတ်ကောင်းမြို့နှင့် ဂေါ်ရန်ဂျီကျွန်း ဆက်သွယ်တည်ဆောက် လျက်ရှိသော ချောင်းဝတံတားစီမံကိန်းအား ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းတာဝန်ခံများက တံတားတည်ဆောက်ရေး လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)