Skip to main content

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်   နိုဝင်ဘာ   ၂၄

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်တွင် ငွေကျပ် ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၁ ရက် နာရီတွင် ငဖဲမြို့နယ်၊ မကွေး-အမ်းသွားလမ်း၊ ပဒါန်း(ပျဉ်းဝ) ပူးပေါင်း စစ်ဆေးရေးစခန်းတွင် မကွေးမှ အမ်းဘက်သို့ အောင်အောင် မောင်းနှင်လာသည့် မော်တော် ယာဉ်ကို ရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ် ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား သိန်း သိမ်းဆည်းရမိခဲ့သည်။ စစ်ဆေးပေါ်ပေါက်ချက်အရ အဆိုပါ စိတ်ကြွ ရူးသွပ်ဆေးပြားများအား ရန်ကုန်တိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်သို့ သယ်ဆောင် ခြင်းဖြစ် ကြောင်းသိရှိရသဖြင့် ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 (သတင်းစဉ်)