Skip to main content

တပေါင်းလပြည့်သမားတော်နေ့ ကျင်းပ

ရန်ကုန် မတ် ၈

မြန်မာ့တိုင်းရင်းဆေးသမားတော်များ နှင့် မြန်မာ့တိုင်းရင်းဆေးထုတ်လုပ် ရေးလုပ်ငန်းရှင်များ စုပေါင်းပြုလုပ် သည့် ဆဋ္ဌမအကြိမ် တပေါင်းလပြည့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ပန်ဒါ ဟိုတယ်၌ ကျင်းပရာ တိုင်းရင်းဆေး သမားတော်ကြီးများ၊ တိုင်းဒေသကြီး အဆင့် တိုင်းရင်းဆေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ တိုင်းရင်းဆေးပညာ ရှင်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ် သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာတိုင်းရင်းဆေး ဆရာအသင်း၊ ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဆရာကြီး ဦးခင်မောင်ဝင်းက အမှာစကား ပြောကြားပြီး အပူဇော်ခံ ဆရာကြီးများအား ဂုဏ်ပြုပူဇော် အလှူငွေများပေးအပ်ကာ ဂုဏ်ပြုခံ ဆရာကြီး ဦးဉာဏ်လွင်က သြဝါဒ စကား ပြန်လည်ပြောကြားသည်။

ယခုနှစ်တွင် နေပြည်တော်အပါ အ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ နေရာတွင် တစ်ပြိုင်တည်းကျင်းပ ခဲ့ကြောင်း သိရသည်။

အာကာစိုး