Skip to main content

ရုပ်ရှင်ရုံများတွင် အများပြည်သူပြသခြင်းများအား ရပ်ဆိုင်းထားရန် အသိပေးကြေညာချက်

Coronavirus Disease 2019 (COVID-19) သည် ကမ္ဘာအနှံ့ ကူးစက်ပြန့်ပွားနိုင်သည့် ကမ္ဘာ့ကပ်ရောဂါဖြစ်ကြောင်း ၁၁-၃-၂၀၂၀ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတ်မှတ် ကြေညာခဲ့ပြီးဖြစ်ပါသည်။ COVID-19 ကူးစက်ပြန့်ပွားမှုသည် လူစုလူဝေးများမှတစ်ဆင့် လျင်မြန်စွာ ဖြစ်ပေါ်နိုင်သောကြောင့် ပြည်သူများ၏ ကျန်းမာရေးကို အလေးပေးရှေးရှုသောအားဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရုပ်ရှင်ရုံများတွင် ရုပ်ရှင်ပြသခြင်းများအား ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၆) ရက်နေ့မှ စတင်၍ ရပ်ဆိုင်းထားရန် အသိပေးကြေညာအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန