Skip to main content

ပလက်၀မြို့နယ် မိတ်စာ(ရှေ့)ကျေးရွာမှ ဒဏ်ရာရ ရွာသူ၊ ရွာသားအချို့ မတူပီမြို့ ပြည်သူ့ဆေးရုံသို့ရောက်ရှိ ဆေးကုသမှုခံယူလျက်ရှိ

နေပြည်တော် မတ် ၁၆

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း အပြန်အလှန်ပစ်ခတ်မှုများကြောင့် မိတ်စာ(ရှေ့)ကျေးရွာ မှ ဒဏ်ရာရသူအချို့ မတူပီမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပလက်ဝမြို့နယ် မိတ်စာ(ရှေ့)ကျေးရွာနှင့် မိတ်စာ(နောက်)ကျေးရွာ အနီးရှိ တပ်မတော်စခန်းတစ်ခုအား AA အဖွဲ့က အင်အားသုံး ဝိုင်းပတ်ပိတ်ဆို့၍ ပစ်ခတ်တိုက်ခိုက်သည့် အတွက် မလွှဲမရှောင်သာ ပြန်လည်ပစ်ခတ်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုများကြောင့် ဒေသခံရွာသူ၊ ရွာသားအချို့ သေဆုံး/ ဒဏ်ရာရရှိခဲ့ကြကြောင်း၊ ၎င်းတို့အနက် ဦးပေါက်ကိုး(ဘ)ဦးကာဆောင်း အပါအဝင် ဒဏ်ရာရ အမျိုးသားလေးဦးနှင့် အမျိုးသမီးလေးဦးတို့သည် ယမန်နေ့နံနက် ၁၁ နာရီ ခန့်တွင် ချင်းပြည်နယ် မတူပီမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်