မော်လမြိုင် ဩဂုတ် ၂၆
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့ (၁၀)မြို့နယ် ဆောင်နှင့် နည်းပညာတက္ကသိုလ်ရှိ Quarantine Centre များတွင် Quarantine ဝင်ရောက် နေသူ များ ကျန်းမာရေးနှင့် နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် ယနေ့နံနက် (၀၉:၃၀) နာရီ တွင် Quarantine Centre များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် Quarantine ဝင်နေသူများ၏ တည်းခိုဆောင်များ၊ အစားအသောက် ချက်ပြုတ် နေသောနေရာများသို့ သွားရောက်၍အစားအသောက်များ အဆင်ပြေစေ ရေးအတွက် စစ်ဆေးခြင်း လိုအပ် ချက်များမှာကြားခြင်းနှင့် ဖြည့်ဆည်းပေးရန်ရှိသည်များကို ဖြည့်ဆည်းပေး ခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၁၀)မြို့နယ်ဆောင်နှင့်နည်းပညာတက္ကသိုလ်ရှိ (Community Based Facility Quarantine)တွင် ကူညီဆောင်ရွက် ပေးနေသောဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်း များ၊လူမှုရေး အသင်း အဖွဲ့များ၊လူမှုကူညီရေးအဖွဲ့များနှင့်အဖွဲ့အစည်းပေါင်းစုံတို့အား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေး စကား ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)