မော်လမြိုင် ဖေဖော်ဝါရီ ၂၄
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များသည် ယနေ့နံနက် ၉ နာရီခွဲက မော်လမြိုင်မြို့ လှိုင်ရပ်ကွက် ပရိယတ္တိဓမ္မဗိမာန်တော်ကြီးဝင်းအတွင်း၌ ကျင်းပပြုလုပ်သော ဝိနယာ နုဂ္ဂဟအသင်း ရာပြည့်အထိမ်းအမှတ် ဆောက်လုပ်လှူဒါန်းခဲ့သော နှစ်ထပ်ကျောင်းဆောင်သစ်ကျောင်း လွှတ်ပူဇာမင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြာသော ဆရာတော်အရှင် သူမြတ်များနှင့် ဧည့်ပရိ သတ်အပေါင်းတို့က "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် မော်လမြိုင်မြို့ ဇောတိကာရုံစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတ
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ တွေ့ဆုံ
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များသည် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အောင်ဆန်းခန်းမတွင် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
မွန်ပြည်နယ် မော်လမြိုင်မြို့၌ ဆူပူဆန္ဒပြသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဥပဒေမဲ့ အကြမ်းဖက် တိုက်ခိုက်
လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများဖြစ်ပေါ်လျက် ရှိပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ရပ်ရွာအေးချမ်း သာယာရေးကို ထိခိုက်ပျက်ပြားစေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ယုံကြည် ယူဆသဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ကိုထုတ်ပြန်၍ လူ ၅ ဦး သို့မဟုတ် ၅ ဦးထက်ပို၍ လူစုဝေးခြင်းမပြုရန် တားမြစ်ချက်များအား ထုတ်ပြန်ထားပြီး ဖြစ်သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကျိုက်ထိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီ၀င်များနှင့် ဟိုတယ်လုပ်ငန်းရှင်များအားတွေ့ဆုံ
မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ အေးဇံသည် ကျိုက်ထိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ၀င်များနှင့် ဟိုတယ်လုပ်ငန်းရှင်များအား ယမန်နေ့ မွန်းလွဲ (၃)နာရီခန့်က ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မုဒုံမြို့နယ်ကျေးရွာများရှိ ဒေသလိုအပ်ချက်များ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းကျေးရွာများရှိ ဒေသလိုအပ်ချက်များကို ယမန်နေ့ နံနက် (၁၀)နာရီက မွန်ပြည်နယ်ဝန်ကြီးချုပ်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မော်လမြိုင်ရှိ Quarantine Centre များကို သွားရောက် စစ်ဆေး
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့ (၁၀)မြို့နယ် ဆောင်နှင့် နည်းပညာတက္ကသိုလ်ရှိ Quarantine Centre များတွင် Quarantine ဝင်ရောက် နေသူ များ ကျန်းမာရေးနှင့် နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် ယနေ့နံနက် (၀၉:၃၀) နာရီ တွင် Quarantine Centre များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် Covid -19 ရောဂါ ပြန့်ပွားမှု မရှိစေရေး စစ်တောင်း တံတားသစ်(မုပ္ပလင်) လမ်းဆုံ၌ ကျန်းမာရေးစစ်ဆေး နေမှုများအားမွန်ပြည်နယ်၀န်ကြီးချုပ် ကြည့်ရှုစစ်ဆေး
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်စစ်တောင်းတံတားသစ် (မုပ္ပလင်) လမ်းဆုံတွင် Covid-19 ရောဂါ မပေါ်ပေါက် စေရေးနှင့်ကူးစက်ပျံ့နှံ့မှု မရှိစေရန် ကြိုတင်ကာကွယ်ရေး အနေဖြင့် ပဲခူး တိုင်းဒေသကြီးဘက်မှ ဝင်ရောက် လာသည့် မော်တော်ယာဉ်များပေါ်၌လိုက်ပါလာသည့် ခရီးသွားများအား ကျန်းမာရေးစစ်ဆေးနေမှု အခြေအနေ များကို ဩဂုတ် ၂၅ရက်၊ နံနက်(၁၁)နာရီက မွန်ပြည်နယ်၀န်ကြီးချုပ်ဒေါက်တာအေးဇံနှင့် တာဝန်ရှိသူတို့က လာရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မုဒုံမြို့နယ်တွင်မြို့မြေငှားဂရန်(မြေငှားစာချုပ်) ပေးအပ်ပွဲ အခမ်းအနား တက်ရောက်
မွန်ပြည်နယ် မုဒုံမြို့နယ်တွင်မြို့မြေငှားဂရန် (မြေငှားစာချုပ်) ပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့ နံနက် (၁၀)နာရီ ကမုဒုံမြို့မေတ္တာစံအိမ်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကလိကျွန်းကျေးရွာ တာတမံ၌ ဘီးလင်းမြစ်ရေတင်လုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ဘီးလင်းမြစ်ရေကို ဆားချောင်းသို့ လျှပ်စစ်မြစ်ရေတင်စနစ်ဖြင့် ဖြည့်သွင်းဆောင်ရွက်ပေးမည့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်း ကျေးရွာတာတမံ၌ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
မြန်မာနိုင်ငံဆရာဝန်အသင်း(မော်လမြိုင်) (၁၇)ကြိမ်မြောက် ဆရာဝန်ညီလာခံဖွင့်ပွဲကျင်းပ
မော်လမြိုင် ဇန်နဝါရီ ၃
မြန်မာနိုင်ငံဆရာဝန်အသင်း(မော်လမြိုင်) (၁၇) ကြိမ်မြောက် ဆရာဝန်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေနံနက် ၇ နာရီခွဲက မော်လမြိုင်မြို့ မြို့ရှောင်လမ်းရှိ Royal Hinthar Hotel ၌ ကျင်းပရာ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆရာဝန်အသင်း(မော်လမြိုင်)မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။