Skip to main content

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကျိုက်ထိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသ‌ရေးကော်မတီ၀င်များနှင့် ဟိုတယ်လုပ်ငန်းရှင်များအားတွေ့ဆုံ

ကျိုက်ထို   စက်တင်ဘာ    ၉

မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ‌  အေးဇံသည် ကျိုက်ထိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ၀င်များနှင့် ဟိုတယ်လုပ်ငန်းရှင်များအား ယမန်နေ့ မွန်းလွဲ (၃)နာရီခန့်က ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့်ပတ်သက်၍ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာရှိ စစ်တောင်းတံတား သစ်လမ်းဆုံနှင့် စစ်တောင်းတံတားဟောင်း(သိမ်ဇရပ်)ထိပ်တို့၌ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း ယင်းသို့ဆောင်ရွက်မှုသည် မွန်ပြည်နယ် တစ်ခု တည်း သာမက ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွက်လည်း အကျုံးဝင် ကြောင်း ယခုချိန်ထိ လုပ်ငန်းအဆင်ပြေအောင် တက်ညီလက်ညီနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြသော မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်း ကော်မတီဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များ လူမှုရေးအသင်းအဖွဲ့များကို အထူး ပင် ကျေးဇူးတင် ဂုဏ်ယူကြောင်း၊ ယခုအခါ စစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုပြုလုပ်ပြီး Community Based Facility Quarantine ထားသည့်သူများအနက် အချို့သည် မိမိအစီအစဉ်ဖြင့် Hotel Quarantine နေထိုင်မှုဖြင့် နေထိုင်ချင်ပါက မိမိတို့အနေဖြင့် ကြိုတင်ဆောင်ရွက် ထားနိုင် ရေးအတွက် မြို့နယ်အတွင်းရှိ ဟိုတယ်များအနက် Hotel Quarantine အဖြစ် ထားနိုင်သည့် ဟိုတယ်ရှိပါက မိမိတို့နှင့် ပူးပေါင်း ဆောင်ရွက်ပေး စေလိုကြောင်းတို့ကို ဆွေးနွေးပြော ကြားသည်။

ယင်းနောက် စိမ်းလဲ့တင် ဟိုတယ်ဒါရိုက်တာ ဦးသန်းဇော်က ဟိုတယ်လုပ်ငန်းရှင်များ၏ အဆိုပြုချက်အရ စိမ်းလဲ့တင် ဟိုတယ်တွင် သီးသန့်အဆောင်(၃၂)ခန်းရှိပြီး Hotel Quarantine အဖြစ် ကူညီဆောင်ရွက်ပေးနိုင်ကြောင်းနှင့် Hotel Quarantine ဝင်ရောက် သည့်သူ၏ လုံခြုံရေးကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီဝင်များက ဝိုင်းဝန်း ဆောင်ရွက်ပေးနိုင်ရေး ပြောကြားရာ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးရဲဝင်းထိုက်က Hotel Quarantine ထားမည့် နေရာများနှင့် ပတ်သက်၍ စိစစ်မှု များပြုလုပ်ကာ လိုအပ်သည်များကို ဟိုတယ်များနှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေ များအား ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့သို့ ကျိုက်ထို မြို့နယ် အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါ‌ ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဝင်းမောင်(ကျိုက်ထို)